chapter 3 (Unicode)

1.7K 97 1
                                    

ပြန်လည်မွေးဖွားမယ်လို့သာ
ပြောနေရတာ
မည်သို့ ပြန်လည်မွေးဖွားရမလဲ
ဆိုတာ မသိပေ။

ပြန်လည်မွေးဖွားခြင်းဆိုသည်ကို
တခါက သူမ ကျီမုလန်အား
သေစေချင်တာကြောင့် ကျိန်စာတိုက်ရန်
နတ်ဆရာတယောက်ဆီ တိတ်တဆိတ်
သွားတုန်းက ကြားဖူးခဲ့တာပင်။

ထိုအချိန်တုန်းက...နတ်ဆရာက
ဘယ်လိုလုပ်ရမယ်ဆိုတာကို
လူနာကို ပြောပြနေခဲ့သော်လည်း
သူမက တခြားတွင် စိတ်ရောက်နေတာကြောင့်
သေသေချာချာ မကြားလိုက်ရပေ။

ဘာမှလည်းစဉ်းစား၍မရတာကြောင့်
စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေမိသည်။

ခနအကြောတွင်...
သူမ အရှေ့၌
မီးအလင်းရောင်စူးစူးဖြင့်
အသံတသံထွက်လာသည်။

"ယန်မင်အာ........မင်းပြန်လည်မွေးဖွားချင်လား?"

ထိုအသံက မည်သူ့အသံလည်းဆိုတာမသိပေမယ့်
တုံ့ဆိုင်းခြင်း တွေဝေခြင်းမရှိဘဲ
ပြန်ဖြေမိသည်။
"ဟုတ်...ကျမ ပြန်လည်မွေးဖွားချင်တယ်"

"မင်အာ...မင်းရဲ့မျက်လုံးတွေကပြောနေတယ်
မင်းပြန်လည်မမွေးဖွားချင်ဘူးလို့..."

"ရှင်...ကျမ ပြန်လည်မွေးဖွားချင်တယ်
မဟုတ်ဘူး...ကျမပြန်လည်မွေးဖွားရမှဖြစ်မှာ"

"ဘာအတွက်ကြောင့်လည်း?"

"လုပ်စရာလေးတွေ ကျန်နေသေးလို့ပါ"

"မင်းပြောတဲ့လုပ်စရာက လက်စားချေဖို့လား?"

"ဘာပဲဖြစ်ဖြစ်......ရှင်နဲ့မဆိုင်တဲ့ကိစ္စပါ
ဒီတိုင်း...ဘယ်လိုပြန်လည်မွေးဖွားရမယ်
ဆိုတာကိုသာပြော!"

"မင်အာ......စာအုပ်ထဲပြန်ဝင်ပြီး
ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားနေမယ့်အစား
ဒီအတိုင်း မင်းရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလိုက်တာ
ပိုမကောင်းဘူးလား..."

"ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရတာလား?"

ခနတော့ တွေဝေနေမိသည်
စာအုပ်ထဲကိုပြန်ဝင်ပြီးတော့
သူတို့ရဲ့ မူယာမာယာတွေ၊
အလိမ်အညာတွေ၊
အာဏာရဖို့တခုတည်းအတွက်နဲ့ လူတွေစတေးပစ်နေတာကို ပြန်လည်းကြည့်မနေချင်ပေ။

သို့သော်လည်း...
စာရေးဆရာကဖန်တီးထားတဲ့
ဇာတ်ကြောင်းတခုကြောင့်နဲ့
သူမကို ချစ်တဲ့မိသားစုကို သေခွင့်မပေးနိုင်ပေ။
ထပ်ပြီးတော့......

ရှင်းရှင်းကိုလည်း ပြန်လည်တွေ့ဆုံချင်သေးသည်။

"ဟင့်အင်း......ကျမ ပြန်ပြီးမွေးဖွားချင်တယ်
ရက်စက်မှု...အငြိုးကြီးမှုလို့ ရှင်ထင်ချင်ထင်နိုင်ပါတယ် ဒါပေမဲ့......
ဒါဟာ ကျမရဲ့လုပ်ပိုင်ခွင့်ပဲ!!"

"ကောင်းပြီ............မင်အာ
ပြန်လည်မွေးဖွားခြင်း စတင်ပြီ"

ထိုသို့ ပြောပြီးတာနဲ့ တံခါးပေါက်တခု
သူမရှေ့တွင် ပေါ်လာသည်။

"ဝင်သွားလိုက်ပါ...မင်အာ
ဒါပေမဲ့ မှတ်ထားပါ!!
စာအုပ်ဇာတ်ကောင်တွေကို သတ်လို့မရဘူး"

"ဒါပေါ့......မသတ်ပါဘူး
လူသတ်ရတာ ပျော်စရာကောင်းတဲ့
အလုပ်မှမဟုတ်ပဲ......"

"အကယ်၍...မင်းသူတို့ကို သတ်ခဲ့ရင်
ဒါမှမဟုတ် မတော်တဆ သတ်မိသွားတာပဲဖြစ်ဖြစ် အဲ့အခါကျရင်
မင်းရဲ့ပြန်လည်မွေးဖွားခြင်းပြီးဆုံးသွားလိမ့်မယ်"

"ကျမပြောခဲ့ပြီးပါပြီ......လုံးဝလုံးဝ
မသတ်ဘူး...သေသွားအောင်သတ်လိုက်တာထက်
ပိုကောင်းတဲ့နည်းတွေရှိပါသေးတယ်"

ပြောပြီးတာနဲ့ တပြိုင်နက် တံခါးဖွင့်ပြီး
ဝင်သွားသူအား ကြည့်ကာ
သက်ပြင်းချမိသည်။

သူဟာ တရားရေးစီရင်ရတဲ့နတ်မင်းတပါးပင်။
ကောင်းကင်ဘုံကိုပို့ရမလား?
ငရဲဘုံကိုပို့ရမလား? ဒါမှမဟုတ်ရင်
လူ့ပြည်ကိုပဲ ပြန်ပို့ရမလား?

ခုနက လူသားသည်
တော်တော်လေး အငြိုးကြီးနေသည်။
ငရဲဘုံကိုပို့လိုက်ပါက အပြစ်သားများနှင့်ပေါင်းပြီး ပိုဆိုးလာလိမ့်မည်။
ကောင်းကင်ဘုံကိုပို့လိုက်ပါကလည်း
နတ်မင်းများသည် လက်ခံမည်မဟုတ်ပေ။
လူ့ပြည်သည်သာ အသင့်တော်ဆုံးဖြစ်သည်။
သူမနေတဲ့ လူ့ပြည်ကလည်း စာအုပ်တအုပ်
ဖြစ်နေတာကြောင့် ပြဿနာသိပ်မရှိလှပေ။

သို့သော်လည်း စိတ်ပူနေရဆဲပင်။
သူမသာ အဓိကဇာတ်ကောင်တွေကို
သတ်ခဲ့မယ်ဆို သူမလည်း
သူချစ်ရတဲ့သူတဦးဦးကို
ဆုံးရှုံးရလိမ့်မယ်။

တဖက်တွင် ထိုအကြောင်းတွေကို
မကြားလိုက်သော ယန်မင်အာကတော့
ပြန်လည်မွေးဖွားခြင်းကို စတင်နေလေပြီ




အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Where stories live. Discover now