chapter 7 (Unicode)

1.2K 77 3
                                    

မင်းသားရန်ဖေးကတော့
အေးအေးလူလူဖြင့်သာ။ သူမစိုးရိမ်လွန်နေခြင်းလားဆိုတာ
မသေချာပင်မယ့် မတော်၍ မင်းသားတခုခုဖြစ်သွားခဲ့ပါက
သူမအပြစ်ချည်းပင်။

အရင်ဘဝကမှတ်ဉာဏ်တွေအရဆို
ဧကရာဇ်နတ်ရွာစံ၍ ကျိုးလျန်ရှန်းက
အရိုက်အရာဆက်ခံသည်။
ကျိုးလျန်ရှန်းနန်းတက်တော့
အရင်ဆုံးရှင်းပစ်ခံရသည့်သူမှာ
မင်းသားရန်ဖေးပင်ဖြစ်သည်။

သူပြောတာက ရန်ဖေးက
သူ့ညီအရင်းမဟုတ်တာကြောင့်
ယုံကြည်လို့မရဘူးတဲ့  သူ့ကိုလည်း
အန္တရာယ်ပြုနိုင်တာကြောင့် ရန်ဖေးကိုရှင်းပစ်ရမယ်တဲ့

အဲ့တုန်းကတော့ သူမချစ်စိတ်မွှန်နေတာကြောင့်
စုံလုံးကန်းနေခဲ့သည်။ သူလုပ်ခိုင်းသလိုပင်
အဆိပ်ခတ်၍မင်းသားကိုရှင်းပစ်ခဲ့သည်။
မင်းသားရန်ဖေးကတော့ အရင်ဘဝတုန်းကရော
အခုရော သူမကို အစ်မတယောက်လို တကယ်ခင်တွယ်သည်။အားလည်းကိုးသည်။

ထိုအကြောင်းတွေကိုစဉ်းစားလိုက်တိုင်း
အချစ်အတွက် ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့
သူမရဲ့နှလုံးသားကိုသာ ဓားဖြင့် အကြိမ်ကြိမ်မွှန်းပစ်ချင်နေသည်။

အခုချိန်မှာတော့ မင်းသားရန်ဖေးကို
ကူညီနိုင်ဖို့အတွက် နည်းဗျုဟာတွေကို
ရေးဆွဲပေးနိုင်ရုံသာရှိတော့သည်။

"မင်အာ!!!"

"ဟုတ်..."

" *သက်ပြင်းချ* အိမ်ရောက်မှ
ပြောကြတာပေါ့!"

"အွန်း......"

အစ်ကိုတော် စိတ်တိုနေပုံပဲ
အဲဒါကလည်း တော်တော်လေးကို။
သေချာတာကတော့ သူမ
စစ်နည်းဗျုဟာတွေအပြင်...
ဆင်ခြေဆင်လက်တွေကိုပါ
စဉ်းစားရတော့မည့်ပုံပင်။

ယန်အိမ်တော်သို့ရောက်သော်......

"ပြန်လာကြပြီလား...ချီဟွေ့ မင်အာ"

"ဟုတ်ကဲ့ ခမည်းတော်"
"ဟုတ်ကဲ့ ခမည်းတော်"

အိမ်တော်မှအစေခံများအား
မသိမသာခိုးကြည့်လိုက်သောအခါ
သူမအစ်ကို၏ ခက်ထန်လွန်းလှတဲ့
မျက်နှာကို မြင်ပြီး ကြောက်လန့်နေကြသည်။
ဒူးတွေတောင်တုန်လို့ ။ ကြည့်ရတာ
မကြာခင်မှာ တယောက်ယောက်ကတော့
သေးထွက်ကျတော့မည့် အခြေအနေပင်။

"ကော......အထဲဝင်ကြရအောင်လေ။"
(အသံအား နှိမ့်၍)

"အင်း......မယ်တော်တို့ နားနှင့်ကြပါ"

"ဟင်...ဘာကိစ္စရှိလို့လဲ?"

"ဘာကိစ္စမှမရှိပါဘူး...မယ်တော်တို့
ပင်ပန်းနေလောက်တယ်လို့ ထင်လို့ပါ"

"ငါတို့ကို ငတုံးတွေလို့ ထင်နေတာလားဟမ်။
ဧကန္တ...နန်းတော်ထဲမှာ မင်အာ ပြဿနာရှာခဲ့တာလား?"

"ခမည်းတော်ကလည်း...မင်အာက
ပြဿနာရှာစရာလား?"

"ဟုတ်နေတာပဲကို......"

"ကော!!!......"

"ခွင့်ပြုပါဦး.........လာ"

"အွန်း......"

နာရီဝက်လောက်ရှိနေသော်လည်း
အစ်ကိုတော်မှ ဘာစကားမပြော။
ရေနွေးကြမ်းကိုသာ သောက်နေသည်။
ဒီအတိုင်း......ယန်မင်အာ!
မင်းမှာ အသက်ဘယ်နှစ်ချောင်းပါနေလို့
ဧကရာဇ်ကို ငါစစ်တိုက်ဖို့မသွားရဘူးလို့
ပြောပြီး အတွန့်တက်နေတာလဲ?လို့
ဆူပူကြိမ်းမောင်းပြီးပြောရင်တောင်
အခုလို ကြောက်ဖို့ကောင်းမှာမဟုတ်။

"ကော......တခုခုပြောစရာမရှိဘူးလားဟင်"

"ပြောစရာက ငါ့မှာ မဟုတ်ဘဲနဲ့
မင်းဆီမှာမဟုတ်ဖူးလား?"

"ရှင်......"

"အကြောင်းအရင်း?...ပြော"

"အဲဒါကလေ...မင်..မင်အာက နေလို့သိပ်မကောင်းသေးဘူးလေ
မှတ်ဉာဏ်တွေလည်း ပျောက်..ပျောက်ဆုံးနေတော့......ကောမရှိရင်
မင်အာက ဘယ်...ဘယ်လိုနေရမှာလဲလို့"

ပြောရင်းဖြင့် ထိုင်ခုံမှာထကာ
အစ်ကိုတော်၏ဒူးနားလေးတွင်
ထိုင်၍ မျက်ရည်ရွှဲကြီးတွေဖြင့်
သနားစဖွယ်ရှိလိုက်လေသည်။

ခဏအကြာတွင်
သူမအစ်ကိုတော်၏မျက်ဝန်းများလည်း
နူးညံ့သွားလေတယ်။

"ကောင်းပြီ...သွားနားတော့"

"ဟုတ်...ကော...ကောကို
မင်အာအချစ်ဆုံးနော်! မွ"





အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Où les histoires vivent. Découvrez maintenant