"ထားပါတော့လေ..."
စကားဝိုင်းသည်ပြန်လည်တိတ်ဆိတ်သွားကာ
ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။
ခဏအကြာတွင်တော့ သူမတခုခုကိုမြင်လိုက်ပြီး
သိချုင်စိတ်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်"တရားရေးနတ်မင်း..."
"ဘာလဲ?"
"ဟို ဟိုလူတွေ လက်ထဲမှာကိုင်ထားတဲ့အရာက
ဘာလဲဟင်။မီးကြီးလည်းလင်းနေတယ်။
ကျိန်စာတိုက်ခံထားရတာလားမသိဘူး။
အဲ့အရာကြီးကိုပဲ ကြည့်ပြီးလမ်းလျှောက်နေကြတာ။
တိုက်မိကုန်တော့မှာပဲ။""အော် အဲ့ဒါက...ဖုန်းလို့ခေါ်တယ်။
ဖုန်းဆိုတာက အဲ...ဘယ်လိုပြောရမလဲမသိဘူး
ပြောရမှာနဲနဲရှုပ်တယ်ကွာ၊မင်းနားလည်မှာ
မဟုတ်ပါဘူး""ဒါပေမဲ့......"
"ထားတော့ ငါတို့..."
"မင်းတို့တွေ!!"
"......"
"......"သူမတို့စကားပြောနေရင်း
အသက်ဩဩဖြင့်အဘိုးအိုတယောက်အသံ ပေါ်လာပြီး သူမတို့အား လက်ညိုးထိုးပြီး
ဆူငေါက်နေလေသည်။"ရာရာစစ ဒီနေရာကိုဘာထင်နေလို့
လာတာလဲ!! ဝိဉာဉ်ဆိုးတွေ""အမ် နေပါဦး...ကျွန်မတို့ကိုမြင်ရတယ်လား?"
"မြင်ရတာပေါ့ ငါ့မျက်လုံးထဲမှာ
ကွက်ကွက်ကွင်းကွင်းကြီးကိုမြင်နေရတယ်""တရားရေးနတ်မင်း နင်...နင်ပြောတော့
ငါတို့ကိုဘယ်သူမှမမြင်နိုင်ဘူးဆို""စကားမများနဲ့တော့...ငါပြောမယ်"
"ဟမ်..."
"ပြေး!!"
"ဘာလုပ်ရမှာ..."
"ပြေး...လွတ်အောင်သာပြေး
အဲ့အဘိုးကြီးဖမ်းတာမမိစေနဲ့""အဟက်......ငါ့လက်ထဲကလွတ်မယ်များ
ထင်နေသလား မင်းတို့တွေ
အိမ်မက်တောင်မမက်နဲ့......"အဘိုးအိုသည်...ပြောရင်းဖြင့်
သူ့တောင်ဝှေးကိုလှုပ်ရမ်းလိုက်ကာ
တစုံတရာကိုဖိတ်ခေါ်လိုက်လေသည်။
ထို့နောက် သူ၏အနောက်တွင်
မျက်လုံးနီနီကြီးများဖြင့်ဒေါသထွက်နေဟန်
ရှိသောအရိပ်မည်းမည်းများပေါ်လာလေသည်။
ထိုအရိပ်တွေဟာ တော်တော်ကြောက်ဖို့ကောင်း
ပုံရတာကြောင့် အနည်းငယ်လန့်မိပြီး
တရားရေးနတ်မင်းအား လှမ်းကြည့်လိုက်သော်
စိတ်ရှုပ်နေသည့်ပုံစံဖြင့် အဘိုးအိုအား
စိုက်ကြည့်နေလေသည်။
BẠN ĐANG ĐỌC
အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U)
Lãng mạnဆောင်းတွင်းရဲ့အငွေ့အသက်များဖြင့် သာယာလှပသော မနက်ခင်းတခုတွင် သာမာန်မဟုတ်သော ရေစက်ရှိသည့် ဇနီးမောင်နှံနှစ်ဦးမှာ အရင်နေ့တွေထက် ကွဲပြားနေခဲ့သည်။ "ကဲ...ပြောပါဦး ကိုယ်က မင်းရဲ့နံပါတ်တစ်လား?" "အင်း..နံပါတ်တစ်............ နောက်ဆုံးကရေရင်😝" ဆောင်းတွင်းရဲ့...