chapter 12 (Zawgyi)

689 32 0
                                    

"ဘာပဲဖြစ်ဖြစ် ...မြစ်လမ်းကတော့မဖြစ်ဘူး!!"

"ဟမ်...ဒါက........"

တခုခုကိုသတိထားမိသွားတဲ့ပုံဖြင့်
မြေပုံကို တည်ငြိမ်စွာကြည့်နေသောသူဟာ
တော်တော်လေးအလေးအနက်
ဖြစ်နေတဲ့ပုံပေါ်တာကြောင့် သူမပါ
မနေနိုင်မထိုင်နိုင်လိုက်ကြည့်မိသည်။
"ဟင်...ဒါ...ဒါက လမ်းကြောင်းတခုပဲ"

"ဟုတ်တယ်နော့် ကျနော်တယောက်ပဲ
သတိထားမိတာမဟုတ်ဘူးမလား?"

"အွန်း...ဒါပေမဲ့ ဒါက  အနည်းငယ်
စွန့်စားရလိမ့်မယ်......အောင်မြင်ရင်အောင်မြင်
မအောင်မြင်ရင်ကျရှုံးမယ်......"

"အင်း အဲဒါကတော့ မှန်တယ်  ဒါပေမဲ့
ကျနော်ကြိုးစားချင်တယ် ကျဲ"

"ရန်ဖေး......ငါတို့ ပြောနေတဲ့လမ်းကြောင်းက
ထမင်းစားရေသောက်လုပ်ရသလို
လွယ်ကူနေတာမဟုတ်ဖူးနော်"

"အရာအားလုံးလွယ်ကူနေရင်
လောကကြီးမှာအသက်ရှင်နေတာ
အဓိပ္ပာယ်မဲ့သွားမှာပေါ့......"

"အင်း......ဘဝဆိုတာ တခါတလေတော့
စွန့်စားရတာပဲ......တပ်သားတွေကို
သွားအသိပေးကြရအောင်........."

"ဟုတ်...တပ်သားတွေအားလုံးကို
စုထားလိုက်!!"

"ဟုတ်......"

"အားလုံးစုံပြီလား......"

"ဟုတ်"

"ကျွန်မ မင်းသားရန်ဖေးနဲ့အတူ
စစ်နည်းဗျုဟာကို တိုင်ပင်ခဲ့ပြီးပါပြီ
ကျွန်မတို့ ချင်းရန်ဗျုဟာကိုအသုံးပြုမယ်......"

အားလုံးဆူဆူညံညံတွေဖြစ်သွားကြသည်။
သူတို့အားလုံး တုန်လှုပ်သွားတာကို
မအံ့ဩ။ မတုန်လှုပ်မှသာ အံ့ဩမိမှာ။
အကြောင်းမှာ-ချင်းရန်ဗျုဟာကို မည်သူမှ အသုံးမပြုဖူးသေးသလို မည်သူမှလည်း
ထိုနည်းဗျုဟာနဲ့ မရင်းနှီးကြပေ။ ထိုဗျုဟာမှာ
မြှားနှင့်မီးတွဲစပ်တိုက်ခိုက်သည့်  ဗျုဟာပင်။
ပြီးလျှင်  အမြင့်မှတိုက်ခိုက်ရတာဖြစ်ပြီး
ရန်သူနှင့် အကွာအဝေးအတော်ခြားတာကြောင့်
သူမတို့က ရန်သူကို ရှင်းရှင်းလင်းလင်း
မြင်ရသော်လည်း သူပုန်တွေကတော့ သူမတို့ကို
မမြင်နိုင်ပေ။ ထို့အပြင် ချုံခိုတိုက်လို့ရတာကြောင့်
သူပုန်တွေထက် တပန်းသာနိုင်သည့်ဗျုဟာပင်။
သို့သော်လည်း မည်သူမှအသုံးမပြုခဲ့တာကြောင့်
ဒဏ္ဍာရီလာဗျုဟာတခုအဖြစ်သာ ရှိနေသည်။
သူမတို့ ရှာတွေ့ထားတဲ့ လမ်းကြောင်းက
ထိုဗျုဟာနှင့် အသင့်တော်ဆုံးပင်။

"သိပါတယ် အားလုံးကြောက်နေကြမယ်ဆိုတာ
ကို ဒါပေမဲ့........."

"ကျနော်တို့ မကြောက်ပါဘူး ယန်မိန်းကလေး
ကျနော်တို့စိုးရိမ်တာက  ချီတက်မယ့်လမ်းကြောင်းကိုပါ"

သူတို့အားလုံးရဲ့ သတ္တိကို  စိတ်ထဲကနေ တကယ် ချီးကျုးနေမိတယ်......
"အာ......အဲဒါလား?...အဲဒါက
မြေပုံကိုကြည့်ထားတာကြောင့်
သိပြီးကြလောက်ပြီလို့ ထင်ပါတယ်
အဓိကလမ်းကြောင်းနှစ်ကြောင်းက
သုံးလို့မရနိုင်ခဲ့ဘူး...ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ မင်းသားရန်ဖေးက
လမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
ဝေါရန်းတောင်ပါ......ဝေါရန်းတောင်ဟာ
သားရဲတိရစ္ဆာန်တကောင်တလေမှမရှိတာကြောင့်
သားရဲတွေရဲ့ဘေးရန်ကလွတ်မြောက်နိုင်ပါတယ်
ပြီးတော့ ရေလည်းလုံလုံလောက်လောက်
ရှိပါတယ်။ ထိုတောင်ပေါ်ကနေ သူပုန်တွေကိုတိုက်ခိုက်မယ် ထို့အပြင်
မြေအောက်ကနေ ဥမင်လိုဏ်းခေါင်းဖောက်ပြီး
ချုံခိုတိုက်လို့ရတာကြောင့်......"

"ကောင်းပါပြီ...ဒါဆို ကျနော်တို့
သွားပြင်ဆင်လိုက်ပါဦးမယ်.."

"နေပါဦး......ကျွန်မရဲ့ဆုံးဖြတ်ချက်ကို
သံသယမဝင်ဘူးလား?..."

"မဝင်ပါဘူးခင်ဗျ.....ယန်မိန်းကလေး
ရေးဆွဲတဲ့ နည်းဗျုဟာတွေနဲ့သာဆို
ကျနော်တို့နိုင်မယ်ဆိုတာသိပြီးသားပါ"

သူတို့တွေရဲ့  သူမအပေါ်ထားရှိတဲ့
ယုံကြည်မှုကို မြင်လိုက်ရတော့
ပြောစရာစကားပါပျောက်ရှသွားရတော့တယ်
သူမ အခုချိန်မှာပြောနိုင်တာကတော့
"ကျေးဇူးတင်ပါတယ်...အားလုံးကို"

စစ်သည်တွေအားလုံးထွက်သွားတော့မှ
ရန်ဖေးက သူမကို စတင်၍စကားပြောလေတယ်
"ကျဲ..."

"ဟင်......"

"ကျနော့်ကို တိုက်ခိုက်ရေးသင်ပေးပါလား...
ကျနော်ကြားထားတာတော့ ကျဲရဲ့ မြှားပစ်
စွမ်းရည်နဲ့ ဓားရေးက အရမ်းကောင်းတယ်လို့
ကြားထားတယ်......"

"အာ...ကောင်းပြီလေ ဒီနေ့တော့အနားယူလိုက်ပါဦး
့မနက်ဖြန်ကျမှ စသင်တာပေါ့......"

"ဟုတ်.....ဒါနဲ့ သွားတော့မလို့လား?"

"အွန်း ဝင်စရာလေးရှိသေးလို့...
သွားပြီ"

"ဟုတ်......ကျဲ  နောက်မှတွေ့မယ်"

"အွန်း......"












အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Onde histórias criam vida. Descubra agora