'တုဟွမ်း......တုမျိုးနွယ်လား?
သာဝေမှာ တုမျိုးနွယ်ရှိတယ်လို့မကြားဖူးပါဘူး
ဒီတရားရေးနတ်မင်း တရားစီရင်ရလွန်းလို့
ဦးနှောက်ထုံသွားတာလားမသိဘူး......
နာမည်အမှားကြီးပြောလိုက်တာနေမယ်'"မင်အာ!...မင်အာ!!"
"ဟင်...ဟင်"
"မင်အာ...အဆင်ပြေရဲ့လား?"
"အင်း...ခေါင်းတော့နည်းနည်းမူးနေတယ်
ဟမ်...ဘယ်သူတုန်း""အော် နင့်အစ်ကို နင့်အစ်ကို
ဘယ်လိုဖြစ်တာလဲ ဒီအစ်ကိုတော်ကိုတောင်
မမှတ်မိတော့ဘူးလား...""ကောလား?"
"အင်း..."
"ဒါနဲ့ ကော မင်အာတို့ ဘာလို့ မြေကြီးပေါ်မှာထိုင်နေကြတာလဲ?"
"ငါလည်း အဲဒါကိုပဲမေးချင်နေတာပါ..."
"......"
"ကော နန်းတော်ကနေပြန်လာနေရင်း
မြေကြီးပေါ်မှာ သတိမေ့နေတဲ့မင်အာ့ကို
တွေ့တာ။ ""အာ့ဆိုလည်း မင်အာကိုဘာလို့
အိမ်တော်ထဲခေါ်မသွားတာလဲ? ကြည့်!
ဝတ်ရုံမှာဖုန်တွေ ဘလပွပဲ""အပိုတွေမပြောနဲ့ ထ!
ဝင်မယ်""သိပါပြီ...သိပါပြီ ပွစိပွစိနဲ့ အစ်ကိုတော်မပီသလိုက်တာ ဟွန့်"
"ဘာတွေပြောနေတာလဲ? မြန်မြန်ဝင်
သမားတော်ခေါ်ထားတယ်""ဟမ်...ဘာလို့သမားတော်ခေါ်ထားတာလဲ...
မင်အာက အကောင်းကြီးပဲလေ။""ဒါဆို ခုနကသတိလစ်နေတာက
ဘာဖြစ်လို့လဲ? သေချာပေါက် နေမကောင်းလို့ပေါ့...အကောင်းအတိုင်းပဲရှိရှိမရှိရှိ
သေချာအောင် ကုသတာအကောင်းဆုံးပဲ""ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ"
"ရွဲ့နေတာလား?"
"မဟုတ်ပါဘူး...ရေအရင်ချိုးဦးမယ်
သမားတော်ကိုစောင့်ပေးဖို့ပြောလိုက်ဦး""အွန်း မြန်မြန်ချိုး အအေးပတ်မယ်"
"မမလေး!!"
"အမလေးဟဲ့ ဘာဖြစ်လို့
သေမတတ်အော်နေတာလဲ""တောင်းပန်ပါတယ်မမလေး...
မမလေး အဆင်ပြေရဲ့လားဟင်?"
ESTÁS LEYENDO
အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U)
Romanceဆောင်းတွင်းရဲ့အငွေ့အသက်များဖြင့် သာယာလှပသော မနက်ခင်းတခုတွင် သာမာန်မဟုတ်သော ရေစက်ရှိသည့် ဇနီးမောင်နှံနှစ်ဦးမှာ အရင်နေ့တွေထက် ကွဲပြားနေခဲ့သည်။ "ကဲ...ပြောပါဦး ကိုယ်က မင်းရဲ့နံပါတ်တစ်လား?" "အင်း..နံပါတ်တစ်............ နောက်ဆုံးကရေရင်😝" ဆောင်းတွင်းရဲ့...