chapter 9 (Unicode)

1.1K 81 2
                                    

ရှင်းရှင်းထွက်သွားတော့မှ
သူမအစ်ကိုတော်ဟာ ကိုင်ထားသောတူကို
ချ၍  ပြောလေသည်။

"မင်အာ ...ကော ပြောပြမယ်
ညီမလေးက အငယ်ဆုံးလည်းဟုတ်
တအိမ်လုံးအချစ်ရဆုံးလည်းဟုတ်၊ ဆိုတော့
ကောပြောချင်တယ်  ယောက်ျားတယောက်
အတွက်နဲ့ ကိုယ့်ကိုယ်ကို မစွန့်လွှတ်နဲ့"

အခုမှပဲ ကောဘာပြောချင်တာလဲဆိုတာကို
ရှင်းရှင်းလင်းလင်းကြီးကို သိသွားတော့တယ်။
သူမက  ကျိုးလျန်ရှန်းကို ကြိုက်နေတုန်းပဲလို့ထင်နေတာ
အဲ့အယုတ်တမာကောင်ကျိုးလျန်ရှန်းကို
ကြိုက်မယ့်အစား...ဟိုတလောတုန်းက..သူမကို
ကယ်ခဲ့တဲ့ လျိုအိမ်တော်က သားကိုပဲ
ကြိုက်ပလိုက်မယ်

#yaya#ချိမရေ ဒီက သာသာကသိနေတယ်နော်😏😏

လျိုအိမ်တော်က သားဆိုမှ
သတိရတယ်။ သူက သူမရဲ့
ဘဝစာအုပ်ထဲက ဗီလိန်မလား။
သူမကိုကယ်ခဲ့တာလား??
ဘာလို့သူမ ဒါကိုမသိရတာပါလိမ့်

အာ......ဟုတ်သားပဲ
သူမအရင်ဘဝက အခုလိုပဲ မှတ်ဉာဏ်ပျောက်ဆုံးနေခဲ့တာလေ
အခုလည်းပျောက်ဆုံးချင်ပျောက်ဆုံး
နေလောက်ပါတယ်။ ဒါပေမဲ့သူမက
ပြန်လည်မွေးဖွားလာတာဆိုတာ
ဒါတွေကိုသိနေတာကိုး

"ရှင်းရှင်းပြောရမယ်ဆိုကွာ......
ညီမလေးက ငယ်ပါသေးတယ်...
တစုံတယောက်ထက်ပိုကောင်းတဲ့လူကိုလည်း
တွေ့ဦးမှာပါ...မတွေ့ခဲ့ရင်လည်း
ဒီကောက ရှာပေးမှာပေါ့  ညီမလေးက
အခုမှ ဆန်ပဲရှိသေးတာ ထမင်းမဖြစ်သေးဘူး
ဟုတ်ပြီလား........."

"ကော......မင်အာကလေ ဟင့်...
အင့်ဟင့်...ဟင့် ဗြဲ"(ကလေးတယောက်လိုငိုနေခြင်း)

'ရုတ်တရက် ထငိုလာသည့်
ညီမငယ်အား ကြောင်တောင်တောင်ဖြင့်
ကြည့်နေမိသည်။ သူ့ရဲ့စကားကြောင့်
ဝမ်းနည်းသွားတာလား? ထိုအကောင်ကို
အဲ့သလောက်တောင်သဘောကျတာလား'

တကယ်တော့ ယန်မင်အာ
ငိုသွားရသည့်အကြောင်းအရင်းမှာ......
အရင်ဘဝတုန်းက သူမအစ်ကိုတော်က
အဲ့လိုပြောရင်......ကောကိုမုန်းတယ်ဆိုပြီးတော့
ကျိုးလျန်ရှန်းဆီ ပြေးပြီးငိုငိုခဲ့တာ။
အဲ့အချိန်တုန်းက ဘယ်လိုနည်းဗျုဟာမျိုးကိုပဲ ရေးဆွဲရေးဆွဲဘယ်လောက်အင်အားကြီးတဲ့
နိုင်ငံနဲ့ပဲ တိုက်တိုက်......ရှုံးရိုးထုံးစံမရှိတဲ့
သူမက ကျိုးလျန်ရှန်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်း
သူမရဲ့ထက်မြက်လှတဲ့ ဦးနှောက်ထဲမှာ
ကျိုးလျန်ရှန်းဆိုတဲ့ လူသာရှိခဲ့တယ်

ထိုအချိန်တွေတုန်းကလည်း
သူမအစ်ကိုတော်က ယခုလိုပဲ
ပြောခဲ့တယ်။ အချစ်အတွက်နဲ့
ဆင်ခြင်တရားမဲ့မသွားဖို့  အကြိမ်ကြိမ်အခါခါ
သတိပေးခဲ့တယ်။ 

ကောသေဆုံးခံနီးမှာတောင်
'မင်အာ....နောက်ပြန်လှည့်လို့ရပါသေးတယ်
ဒီတိုင်း ကောတို့ဆီ ပြန်လာခဲ့ပါနော်
အားလုံးကို ခွင့်လွှတ်တာမို့
ပြန်လာခဲ့ပါ......ညီမလေးရဲ့အိမ်အစစ်ကို'

သူမကတော့............
နားထဲမှာ ဂွမ်းဆို့ထားသလိုပင်
ဘာမှမကြား......နားထဲလည်းမဝင်တော့
ဝင်ခဲ့ရင်တောင်...တဖက်နားကဝင်
တဖက်ကပြန်ထွက်။ တကယ့်ကို
စိတ်ပျက်မိတယ်။

"မင်...မင်အာကလေ  အိမ်ရှေ့စံကို
မကြိုက်...မကြိုက်ဖူး သိလား? သူက
ရန်ဖေးလေးလောက်တောင် မင်အာအပေါ်
မကောင်းဘူး!! အဲဒါ့...အဲဒါ့ကြောင့်မို့
မင်...မင်အာကို တယောက်ယောက်လက်ထဲကို
မပေးလိုက်ပါနဲ့နော်"

"ဟင်......တယောက်ယောက်ကိုပေးတာလား?
ပေးစရာလား!! ကောရှေ့မှာ ဒူးထောက်ပြီး
ခယနေရင်တောင် မပေးဘူး!! ကန်ချပစ်လိုက်မယ် "

"ဟီးဟီး...တကယ်လားဟင်?"

"တကယ်ပေါ့......မျက်ရည်တွေသုတ်လိုက်ဦး"

"ဟုတ်...ဒါနဲ့လေ......ကော"

"ကော......လျိုအိမ်တော်ကသခင်လေးကိုပြောတာပါ
သူက မင်အာ့ကိုကယ်ခဲ့တာလား?"

"အွန်း......ဟုတ်တယ်လေ
အဲဒါကို ဘာလို့မေးတာလဲ"

"မဟုတ်ပါဘူး...ဒီတိုင်းပါပဲ......
ဒီနေ့ ရန်ဖေးလေးကို ဗျုဟာနည်းနည်းချပေးပြီးတာနဲ့
လျိုအိမ်တော်ကိုသွားပြီး ကျေးဇူးတင်ကြောင်းပြောမလို့ "

"အော်..... ဒါနဲ့ ဘာလို့ ရန်ဖေးလေး...
ရန်ဖေးလေးနဲ့ ခေါ်နေတာလဲ"

"ချစ်ဖို့ကောင်းလို့လေ"

#yaya# ရှောင်ကောက ချစ်လွန်းလို့
တုန်နေပါတယ်ဆိုနေ တို့မကြီးကတော့ပြောလိုက်ရင်......

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Donde viven las historias. Descúbrelo ahora