"ဒါနဲ့ ခုနကလူတွေက ဘယ်သူတွေလဲဟင်
ရှင်တို့ကို ဓားပြတိုက်နေတာလား?""ဘယ်ကသာ ကျဲမင်အာရယ်။အို့ ကျွန်မအဲ့လိုမျိုး
ခေါ်လို့ဖြစ်ရဲ့လား""ဒါပေါ့ သေချာပေါက် ဖြစ်တာပေါ့"
"အာ...ဟုတ်။ခုနကလူတွေက ကောကို
အက်စီးဒင့်ဖြစ်အောင်လုပ်ခဲ့တဲ့သူရဲ့ နောက်လိုက်တွေပါ။သူတို့ တမင်အက်စီးဒင့်
ဖြစ်အောင် စီစဉ်ထားတယ်ဆိုတာကိုသိပေမယ့်
သက်သေမရှိလို့ စွဲချက်တင်ခွင့်မရှိဘူးတဲ့""စွဲချက်? တရားရေးစီရင်တာကို
ပြောချင်တာလား""ဟုတ်ပါတယ်...ကျွန်မဆန္ဒပြခဲ့ပါသေးတယ်
ကျွန်မအကိုရဲ့တရားမျှတမှုအတွက်။ဒါပေမဲ့
အသရေဖျက်မှုနဲ့ တရားစွဲလိုက်လို့ အလုပ်ကနေ
ထွက်လိုက်ရတယ်။ကျွန်မက အမွေဖျက်ခံထား
ရတာပါ။အဖေက ကျွန်မကိုတခြားတယောက်နဲ့
ရထားတယ်ထင်နေလို့ပါ။""ဒါ ဘယ်လိုအဖေမျိုးလဲ!! သမီးကိုအမွေဖျက်ပြီး
ဒုက္ခခံခိုင်းတယ်ပေါ့လေ""တကယ်တော့ ခုနကလူတွေလာရတဲ့
အကြောင်းအရင်းကဒါကြောင့်ပါ။"ထိုသို့ပြောကာ
အင်္ကျီထဲမှာဖွက်ထားသည့် USBကိုထုတ်လိုက်လေသည်။"USB? အဲ့ဒါကဘာလဲဟင်.."
"အဲ့ဒါက......"
"ထားပါ ငါနားမလည်နိုင်တာတွေအများကြီး
ရှိသေးတာမို့ အားလုံနဲ့ပဲပြောလိုက်ပါ။သူကတော့
ပိုနားလည်လိမ့်မယ်""အာ......"
"မဟုတ်မှလွဲရော ဒါက သက်သေပစ္စည်းလား?
တခုတည်းသောသက်သေပစ္စည်း""ဟုတ်ပါတယ်...ဒီထဲမှာ ပါတဲ့အရာတွေက အဲ့လူကိုထောင်နန်းစံရအောင် လုပ်နိုင်တယ်"
"အဲ့ဒါကြောင့်မို့လည်း သူတို့က ဒါကို
အသည်းအသန်ရှာနေတာပေါ့""အင်း...ဘာပဲဖြစ်ဖြစ် ကျွန်မဒါကိုသေချာပေါက်
ကာကွယ်မှဖြစ်မယ်...အသက်နဲ့ရင်းရရင်
တောင်မှ လက်လျှော့လိုက်လို့မရဘူး""အသက်ကို ဘာလို့ရင်းမှာလဲ။
ဒါကိုကာကွယ်မယ်ဆိုအသက်ရှင်နေမှဖြစ်မှာပေါ့။လက်စားချေချင်ရင်။မဟုတ်ဘူးလား အားလုံ"
BẠN ĐANG ĐỌC
အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U)
Lãng mạnဆောင်းတွင်းရဲ့အငွေ့အသက်များဖြင့် သာယာလှပသော မနက်ခင်းတခုတွင် သာမာန်မဟုတ်သော ရေစက်ရှိသည့် ဇနီးမောင်နှံနှစ်ဦးမှာ အရင်နေ့တွေထက် ကွဲပြားနေခဲ့သည်။ "ကဲ...ပြောပါဦး ကိုယ်က မင်းရဲ့နံပါတ်တစ်လား?" "အင်း..နံပါတ်တစ်............ နောက်ဆုံးကရေရင်😝" ဆောင်းတွင်းရဲ့...