chapter 2 (Unicode)

1.9K 107 0
                                    

လောကကြီးမှာရှိတဲ့ လူတွေအားလုံး
သူမဘက်မရှိရင်တောင်
ရှင်းရှင်းက သူမဘက်မှာသာ။

သူမ မှန်မှန်မှားမှား
သူမဘက်ကသာ ရပ်တည်ပေးတတ်သည်

ထိုသို့သော လူသားအား
သူမဆုံးရှုံးလိုက်ရပြီ။
ထိုအချိန်တွင် သူမ၏သူရောက်လာခဲ့သည်။

3နှစ်အတွင်း တော်တော်လေး
ခံ့ညားလာသလို ဇကရာဇ်တယောက်ရဲ့
အရှိန်အဝါတွေလည်း စိုးမိုးလို့နေတယ်။

ဘေးမှာ သူချစ်ရတဲ့
မိန်းကလေးလည်း
ပါလာတယ်။

သေချာပေါက် ထိုမိန်းကလေးဟာ
သူမ အကြိမ်ကြိမ်အခါခါ လုပ်ကြံခဲ့ဖူးတဲ့
လူသားပင်။ အင်း......အခုချိန်မှာတော့ သူမရဲ့မိသားစု
သူမချစ်ရသူတွေအားလုံးကို သတ်ထားသည့်
တရားခံတယောက်အပြင် မပို။

သို့ပေသိ ထိုအမှန်တရားဟာ
သူမတယောက်ပဲ သိတဲ့
အမှန်တရား။

"လျန်ရယ်.....ကြည့်ပါဦး
သူမဘယ်လိုတောင်လုပ်ရက်တာလဲမသိပါဘူး
ကိုယ့်ကိုဒီလောက်ထိ အလုပ်အကျွေးပြုခဲ့သူကို သတ်ရက်တယ်နော်"

"ယန်မင်အာ!! မင်းကတော်တော်ကို ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ!"

လောကကြီးက
ပြောင်းလဲသွားရင်တောင်
သူဟာ မပြောင်းမလဲ။

"စစ်သည်တွေ  သူမကို ခေါ်သွား!!
ကြိမ်ဒဏ်အချက် ၈၀၀ပေးလိုက်။
မင်းလိုမိန်းမက အဲ့လိုပဲတန်တယ်"

"လျန်ရယ် အဲ့လိုတော့မလုပ်လိုက်ပါနဲ့
သူမကို နယ်နှင်ဒဏ်သာပေးလိုက်ပါနော်"

"မုလန် နင်က တော်တော်ကြင်နာတတ်ပါလား
ဒါမှမဟုတ် ကြင်နာတတ်ယောင်များ
ဆောင်နေတာလားဟင်"

"အခုထိ မင်းမပြောင်းလဲသေးဘူးပဲ
အတ္တတွေမာနတွေ လွှမ်းမိုးနေတုန်းပဲကို"

"ဟားဟားဟား......အရမ်းရယ်ဖို့ကောင်းတာပဲ
အတ္တတွေမာနတွေ လွှမ်းမိုးနေတုန်းပဲ ဟုလား?
ငါ့ရဲ့ အတ္တမာနတွေကို နင်ပဲ ဖျက်စီးခဲ့တာလေ"

"ဒါပေမဲ့လည်း ငါကဘာတတ်မှာလဲနော်
ငါ့မျက်စိရှေ့မှာတင် ငါချစ်တဲ့သူတွေသေသွားတာကို လက်ပိုက်ကြည့်နေရတယ်လေ"

"ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မကြိုးစားနဲ့
အဲ့ဒါတွေအားလုံးက မင်းကြောင့်ဖြစ်လာရတာတွေပဲ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်
ကျမရဲ့အပြစ်တွေချည်းပါပဲ
ဒါပေမဲ့  နင်သိထားဖို့က
နင်ဒီနေရာကို ရောက်လာနိုင်ဖို့အတွက်၊
သွေးစွန်းခဲ့ရတဲ့သူက ငါပါ။
နင့်ဘေးမှာ ရှိနေတဲ့ ကျီမုလန်မဟုတ်ဘူး
ငါ ယန်မင်အာပဲ..."

"အား...လျန် ဗိုက်...ဗိုက်နာလာပြီ"

"မု...မု သတိထားဦးနော်
သမားတော်သွားခေါ်ကြ!!"

သူမမှာ ဆုံးရှုံးစရာမရှိတော့ဘူး
ပိုင်ဆိုင်တာလည်းမရှိတော့ဘူး
ရယ်ဖို့ကောင်းတယ်
ဘဝကြီးက အရမ်းကို ဘက်လိုက်လွန်းတယ်

သူမ တော်တော်ကြာကြာသိမ်းထားခဲ့တဲ့
ပန်းလိပ်ပြာဓားမြှောင်လေးပဲ ကျန်ခဲ့တယ်
ဒီဓားမြှောင်က သူမရဲ့ဒုက္ခတွေကိုအဆုံးသတ်ပေးလိမ့်မယ်

သူမ နာကြဉ်ရနေဆုံးဖြစ်တဲ့
နှလုံးသားတည့်တည့်ကို
စိုက်လိုက်သည့်အခါ
သူမဘဝ အဆုံးသတ်သွားပြီလို့
ထင်ခဲ့သည်။

သို့သော် သူမ မသေခဲ့။
အစလည်းမရှိ အဆုံးလည်းမရှိတဲ့
လေဟာနယ်ပြင်ကြီးထဲ ရောက်နေခဲ့တယ်
ဘယ်နေရာကိုပဲကြည့်ကြည့်
အဖြူရောင်သာ။

ခဏအကြာတွင်......
သူမ၏အရှေ့၌
သူမရဲ့မှတ်ဉာဏ်တေ အားလုံးပေါ်လာသည်။

ပြောရမယ်ဆို ဘဝတခုလုံးပေါ့
ခါးသီးတဲ့အမှန်တရားက ဘာလဲသိလား?
သူမက စာအုပ်တအုပ်ထဲက ဗီလိန်မတယောက်
ဖြစ်နေတာပဲ။စာအုပ်နာမည်က
"အာဏာပြင်းသောကျမ၏ခင်ပွန်း" တဲ့

ပြောရမယ်ဆို
ကျီမုလန်က်ို ကျိုးလျန်ရှန်းက
အရမ်းချစ်တာကြောင့်
သူမ(ကျီမုလန်)ကိုထိတဲ့ သူမှန်သမျှကို
အာဏာပြင်းပြင်းနဲ့ အပြစ်ပေးတတ်တာကိုပေါ့

ဥပမာ - သူမကို
လုပ်ခဲ့သလိုမျိုး

ဒါကို သူမလက်မခံချင်ပေမဲ့
လက်ခံရလိမ့်မယ်။
ဘဝကြီးက စာရေးဆရာဖန်တီးထားတဲ့
စာအုပ်တအုပ်ဖြစ်နေရင်တောင်

အနည်းဆုံးတော့ အဲဒါကပိုကောင်းတယ်
သူမ ခံစားခဲ့ရတာတွေအကုန်လုံးက
ဇာတ်ကြောင်းအရ ဖြစ်ခဲ့သာမို့လို့ပင်

သူမ ဇာတ်ကြောင်းကိုပြန်ပြောင်းမယ်
သူမခံစားခဲ့ရတာတွေထက်
ပိုခံစားရအောင် လုပ်မယ်
သူမရဲ့မိသားစုကို ကာကွယ်မယ်။
ဒီတခါ ပြန်လည်မွေးဖွားခြင်းက
လက်စားချေဖို့ပင်။







အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Donde viven las historias. Descúbrelo ahora