chapter 27 (Unicode)

513 42 2
                                    

ခေါက်ဆွဲပြုတ်စားနာကုန်ခံနီးဆဲဆဲ
တခုသတိရသွားဟန်ဖြင့်ခေါင်းထောင်လာသည်။

"အားလုံ...နင်ဟိုတခေါက်ကပြောတဲ့
ဇာတ်ကြောင်းပြောင်းသွားပြီဆိုတာက........."

"အာ ဗီလိန်ကပြန်လည်မွေးဖွားလာတယ်လေ"

"ဗီလိန်?ဗီလိန်ကဘယ်သူ............
ဧကန္တ လျိုရှောင်ချန်းလား?😦"

"အင်း...ကြည့်ရတာတော့ သူလည်း
ပြန်လက်စားချေမယ့်ပုံပဲ..."

"ဇာတ်လိုက်မကိုလား..."

"အင်းပေါ့ အဲ့အစစ်မကလွဲဘယ်သူရှိဦးမှာလဲ"

"ကျွတ်ကျွတ် ငါသိပြီးသားပါ
ဝဋ်ဆိုတာ နောင်ဘဝမကူးဘူးလို့
နင်တော့ခံရပေဦးမှာပေါ့ မိန့်မိန့်ရယ်..."

(မိန့်မိန့်-ညီမလေး)

"အဲဒါကြောင့်မို့မင်းသူနဲ့မိတ်ဆွေဖွဲ့ထားသင့်တယ်
မင်းကိုဆရာကပြန်လည်မွေးဖွားခွင့်ပေးခဲ့တယ်
ဆိုတာကိုတော့မပြောနဲ့ပေါ့..."

"ငါက ဘာလို့ပြောမှာလဲဟ......သူ့ကိုသတ်ပစ်ရရင်တောင်
မလုံလောက်ရတဲ့ကြားထဲ......"

"ဟမ့် ဘာလို့လဲငါသိသလောက်တော့
သူလည်း မင်းလိုပဲ လုံလောက်တဲ့ကံကြမ္မာ
လှည့်စားမှုကိုခံခဲ့ရပြီးပြီထင်တာပဲ"

"အားကြီးကြီး လုံလောက်နေပါဦးမယ်
အဲ့မိန်းမက ဘယ်နားမှာငါ့လိုခံစားသွားရတာလဲ
တသက်လုံး စာရေးဆရာရဲ့ကောင်းချီးတွေနဲ့
ပြည့်နေတဲ့မိန်းမက..."

"ဟမ် မင်းတခုခုမှားနေပြီထင်တယ်
ဗီလိန်ကယောက်ျားလေးလေ..."

"ဟမ့် နင်ပြောနေတာက ကျီမုလန်ကို
ပြောနေတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး လျိုရှောင်ချန်းနဲ့ရင်းနှီးမှုယူထားဖို့
ပြောတာ။ဇာတ်ကြောင်းအရလျိုရှောင်ချန်းက
ဇာတ်လိုက်ဖြစ်လာနိုင်ချေရှိတယ်လေ
အဲ့တော့ မင်းတို့သုံးယောက်ကိုယ်စီအကျိုး
အတွက် ပူးပေါင်းကြပေါ့"

"သုံးယောက်?"

"တုဟွမ်းရယ်လျိုရှောင်ချန်းရယ်မင်းရယ်လေ"

"အာ ဟုတ်သား"

"မင်းတို့တွေသွားနေတဲ့လမ်းတွေက အစပိုင်းမှာ မတူညီကြပေမယ့် နောက်ကျရင် တလမ်းတည်း
သွားကြမှာပဲကို။တုဟွမ်းကလည်း သူ့ရဲ့
ကမာ္ဘအစစ်ကိုပြန်ဖို့လုပ်ရမှာပဲ၊လျိုရှောင်ချန်းနဲ့
မင်းကလည်းမှားယွင်းပြီးပေးဆပ်ခဲ့တဲ့အချစ်ကို
ပြုပြင်ကြရမယ်လေ......ဟူးမောလိုက်တာ
ရှင်းပြရတာလည်း မင်းခနနေခဲ့ဦး ရေသွားသောက်ဦးမယ်......"

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Wo Geschichten leben. Entdecke jetzt