chapter 31(Unicode)

1.4K 58 18
                                    

လျိုသခင်မနဲ့ကိုယ်လုပ်တော်တစုက အစေခံတွေကို
မှာကြားစရာရှိတာမှာကြားပြီးပြန်ထွက်သွားကြသည်။

သူမနဲ့လျိုရှောင်ချန်းကလည်း ဥယျာဉ်ထဲကလက်ဖက်
ရည်သောက်တဲ့နေရာကို သွားလိုက်ကြသည်။

"ကျွန်မ လိုရင်းကိုပဲပြောရမလား"

"အမ်း ယန်သခင်မလေး အဆင်ပြေသလိုပဲပြောပါ"

" ရှင်ပြန်လည်မွေးဖွားလာတာမလား?"

*ခွပ်*

လျိုရှောင်ချန်း၏လက်ထဲမှ ရေနွေးကြမ်းပန်းကန်က
မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

"ဘာ...ဘာလို့အဲ့လောက်အံ့ဩသွားရတာလဲ"

"မင်းဘယ်လိုသိတာလဲ..."

"ဘယ်လိုလဲဆိုတော့ ကျွန်မလည်းပြန်လည်မွေးဖွား
လာတာမို့လို့လေ..."

"တကယ်လား?"

"အင်း ကျွန်မတော့ဒီလိုအခွင့်အရေးရလာတာ ယုံဖြင့်
မယုံနိုင်ဘူး။ဒါပေမဲ့လည်း.........."

"ကျွန်မဒီအခွင့်အရေးရတာကံကောင်းတယ်။ ရှင်ရောကျွန်မရော ကံကောင်းတယ်။"

"အဲ့တော့ ရွှေထက်မကတန်ဖိုးရှိတဲ့ဒီလို
အခွင့်အရေးမျိုးကို ကျွန်မတို့......
လက်လွှတ်သင့်ရဲ့လား ဟင်?"

"ကျွန်တော့်အထင် ယန်သခင်မလေး...ဒီ့ထက်လိုရင်း
ရောက်တဲ့စကားကို  ပြောသင့်တယ်ထင်ပါတယ်"

"ဒီ့ထက်လိုရင်းရောက်တဲ့စကား?? ကျစ်!"

သူမ ရေနွေးကြမ်းခွက်ကိုကိုင်ကာ မတ်တပ်ထရပ်
လိုက်ပြီး နာကျင်မှုအပြည့်ဖြင့်ပြောလိုက်သည်။

"ကောင်းပြီလေ...ကျွန်မ အိမ်ရှေ့စံနဲ့ကျီမုလန်ကို
ကျွန်မခံစားခဲ့ရသလိုခံစားစေချင်တယ်။ကျွန်မခံစားခဲ့
ရတဲ့ သစ္စာဖောက်ခံရမှု၊နောက်ကျောဓားနဲ့ထိုးခံရမှု
အဲ့အတိုင်းပဲ  သူတို့နှစ်ယောက်လည်းပြန်ခံစားရမယ်။
အဲ့တာက သတ်လိုက်တာထက်ပိုပြီးခံစားရတယ်"

"သူတို့တွေ ကျွန်မရှေ့မှာဒူးထောက်ပြီး
သတ်လိုက်ပါတော့လို့ ပြောလာတဲ့အချိန်ထိ
သူတို့တွေကိုညှင်းဆဲပစ်မယ်"

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) حيث تعيش القصص. اكتشف الآن