chapter 15 (Unicode)

1K 59 2
                                    

"ဆိုပါတော့..."

"ဆရာက ရာထူးတိုးသွားပြီ၊ ကျနော်က
သူ့တပည့်။"

"ငါအဲ့တာကိုစိတ်မဝင်စားဘူး။  ခုနက
ငါမြင်လိုက်ရတဲ့ဟာက ဘာလဲ?။ အနာဂါတ်လား
အတိတ်လား?"

"အနာဂါတ်ပါ။ တကယ်တော့.........ဇာတ်ကြောင်းပြောင်းသွားပြီ"

"ဟမ်?"

"ဇာတ်ကြောင်းပြောင်းသွားရတဲ့အကြောင်းအရင်းက ခင်ဗျားက ပြန်လည်မွေးဖွားပြီး
ဇာတ်ကြောင်းပြောင်းလဲလိုက်လို့ပဲ"

"ဒါပေမဲ့ ငါဇာတ်ကြောင်းမပြောင်းလဲရသေးပါဘူး"

"ခင်ဗျားအစ်ကိုရဲ့သေဆုံးမှုကို
တားဆီးခဲ့တယ်လေ........."

"အဲဒါက သေးငယ်လွန်းတဲ့ပြောင်းလဲမှုလေးပါ။
ပြောရမယ်ဆို  ငါ့အစ်ကိုက အဲ့တိုက်ပွဲမှာမသေခဲ့ဘူးလေ..."

"...?..."

"ငါ့အစ်ကိုက ချုံခိုတိုက်ခံခဲ့ရတယ်။ ဒဏ်ရာတွေကြောင့် သာဝေနိုင်ငံကို ချက်ချင်း
ပြန်မလိုက်နိုင်ခဲ့ဘူး...ပြီးတော့ လုပ်ကြံသူတွေကို အာရုံလွှဲဖို့  သေဆုံးသွားကြောင်း
လိမ်လည်ကြေငြာခိုင်းခဲ့ရတယ်။ဒဏ်ရာတွေ သက်သာလာတဲ့အထိ အချိန်ယူပြီး
ကုသခဲ့ရတယ်။ ငါဧကရီကို သတ်ပြီးလို့
ငါ့မိဘတွေ သေဆုံးသွားမှ ပြန်လာနိုင်ခဲ့တာ။"

"ဒါပေမဲ့...ခင်ဗျား အရင်ဘဝတုန်းက
မသိခဲ့ဘူးမလား......"

"အွန်း...နဲနဲလေးမှကို ရိပ်မမိခဲ့တာ။
စိတ်မဝင်စားခဲ့တာလို့ပဲပြောရမလား...
အဲဒါကြောင့် အစ်ကိုတော်သေဆုံးမှုကို
အချိန်ယူပြီး ပြန်လည်သုံးသပ်ခဲ့တာ။ အမှားကိုပြင်ဆင်ဖို့လေ..."

"တကယ်တော့ ခင်ဗျားက............"

"တရားရေးနတ်မင်း!!!"

"စာပေအစောင့်အရှောက်......ဂါဝရပြုပါတယ်"

"မင်း ရဲတင်းလွန်းလှချည်လား...စာအုပ်ထဲက
ဇာတ်ကောင်ကို ကူးပြောင်းနယ်မြေထဲခေါ်ထည့်
ထားရသလား......"

"ခွင့်လွှတ်ပါ...ဒါပေမဲ့ ကျနော် မခေါ်လိုက်ရင်
ဇာတ်ကြောင်းပြောင်းလဲတာနဲ့အတူ
ပါသွားမှာပါ......ခွင့်လွှတ်ပါ စာပေအစောင့်အရှောက်"

"ကောင်းပြီ...သူမက ရွေးချယ်ခံတယောက်ဖြစ်တာမို့
ဂရုစိုက်လိုက်ပါ။သူမက ဗီလိန်ဇာတ်ကောင်ပါ။
ဇာတ်လမ်းတပုဒ်မှာ အရေးကြီးဆုံးက
ဗီလိန်ဇာတ်ကောင်တွေပဲ။

"လာပြန်ပြီ..တခါလာလည်း ရွေးချယ်ခံ။ ဘာကြီးလဲ အဲ့ရွေးချယ်ခံဆိုတာက......"

"မင်းသိဖို့မလိုအပ်ဘူး...
တရားရေးနတ်မင်း သူမကို ပြန်ပို့လိုက်တော့
ဇာတ်ကြောင်းက ပြောင်းလဲလို့ပြီးသွားပြီ"

"ဟုတ်..."

##########################

"ပြန်စို့..."

"အင်း..."

"ခဏ...အရေးကြီးတဲ့အချက်ကို ပြောဖို့ကျန်နေခဲ့တယ်"

"ဘာလဲ?"

"ကမ္ဘာကူးပြောင်းလာတဲ့သူရှိတယ်..."

"ဘာ!ဘာကြီး ကမာ္ဘကူးပြောင်းလာတာ
အဲဒါကရော ဘာတုန်း..."

"သူကModernခေတ်ကနေ
ကူးပြောင်းလာတာ...စာရေးဆရာရှိတဲ့
နေရာကနေပေါ့...ငါ့အထင် သူက
စာအုပ်ဖတ်ရင်းမတော်တဆရောက်လာတာ
ဖြစ်မယ်...မင်းလို စာရေးဆရာဖန်တီးထားတာတော့
မဟုတ်ဘူးပေါ့ကွာ"

"မိုဒမ်ခေတ်?မိုဒမ်ခေတ်ဆိုတာက
ဘယ်လိုမျိုးတုန်း?..."

"မော်ဒမ်ခေတ်...မိုဒမ်မဟုတ်ဘူး"

"မော်...မော်ဒမ်ခေတ်...အဲဒါက
နတ်ပြည်လား?......ငါ့ကိုခေါ်သွားပေးနိုင်လား
ခဏလောက်ဖြစ်ဖြစ်"

"မရဘူး!! မင်းသာ စာအုပ်ထဲက ထွက်လိုက်တာနဲ့ ဖန်တီးပစ္စည်းတွေ
အားလုံးပျက်စီးသွားလိမ့်မယ်။ ခဏလေးတောင်မရဘူး!!"

"ဒါပေမဲ့လည်း........."

"နောက်တခေါက်မှ  လိုက်ပြမယ်...
အခုမြန်မြန်သွားတော့! ဇာတ်ကြောင်းပြောင်းလဲ
ပြီးပြီးချင်းမှာ မင်းရှိမနေလို့ရှိရင် နောက်ပိုင်းမှာ
မင်းဒုက္ခရောက်လိမ့်မယ်"

"သိပါပြီ......"

"ကမာ္ဘကူးပြောင်းလာတဲ့သူနာမည်က တုဟွမ်း!!! မှတ်ထားဦး ကြားလား!!!"

'ငါပြောတာရောကြားလိုက်ရဲ့လားမသိဘူး!
ရွေးချယ်ခံတယောက်မို့ အလေးထားဆက်ဆံနေတာကို။
အကြောတင်းလိုက်တာ..ကယ်သာကယ်ပေးထားရတာ
ဆရာဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပါ့မလားတော့မသိ။'

(ထပ်တိုးမယ့် characterက
နှစ်ယောက်လောက်ရှိသေးတော့
ပုံကို နောက်မှပဲပြတော့မယ်နော်။)

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Nơi câu chuyện tồn tại. Hãy khám phá bây giờ