chapter 30(Unicode)

598 40 4
                                    

အိမ်တော်မှ ထွက်လာကာ ဦးတည်နေတဲ့
ခြေလှမ်းတွေက ရွှေနန်းတော်ဆီသို့......။

"မင်းသား2ကို ဂါရဝပြုပါတယ်...ယန်သခင်မလေး
ဝင်ခွင့်တောင်းနေကြောင်းပါ"

"မြန်မြန်ဝင်ခိုင်းလိုက်လေ..."

"ဟုတ်"

"ခဏ..."

"မင်းသားမိန့်ပါ..."

"နောက်တခါဆိုရင် ယန်သခင်မလေးကို
အမေးအမြန်းမရှိဝင်ခိုင်းလိုက်ပါ။"

"နားလည်ပါပြီ မင်းသား"

_________________

"မင်းသား2ကိုဂါရဝပြုပါတယ်..."

"ထပါ ကျဲ..."

"ဟုတ်..."

"ဒီနေ့ကရော ဓားရေးလား?"

"ဟင့်အင်း ဒီနေ့တော့မြှားရေးဆိုရင်ကော
ဘယ်လိုလဲ..."

"အကောင်းဆုံးပဲဗျာ..."

"ကောင်းပြီ အချိန်တွေမဖြုန်းတော့ပဲ
လေ့ကျင့်ရေးစလိုက်ကြရအောင်..."

"အင်း..."

ပထမမြှားချက်...ပစ်မှတ်နှင့် 4မှတ်အကွာ
ဒုတိယမြှားချက်...ပစ်မှတ်နှင့်2မှတ်အကွာ
နောက်ဆုံးမြှားချက်...ပစ်မှတ်တည့်တည့်သို့ထိမှန်

"လေးစားပါတယ်...ကျဲ ။သုံးချက်တည်းနဲ့ ပစ်မှတ်အလယ်ဗဟိုကိုထိတယ်။အဲ့ဒါကြောင့်
ကျဲကို မြှားနတ်သမီးလို့ခေါ်ကြတာနေမှာ..."

သူမ အနည်းငယ်ရယ်သွမ်းလိုက်ပြီး
"မြှောက်မနေပါနဲ့တော့။ကဲ  မင်းအလှည့်ပဲ"

"ကျွန်တော်က မြှားရေးသိပ်မကျွမ်းကျင်ဘူး။အဲ့တော့
အဆင်ပြေပါ့မလား..."

"ဟိတ် အဓိကအရေးကြီးတာက မင်းစိတ်ဓာတ်ပဲ!
မင်းနိုင်ကိုနိုင်ရမယ်လို့ဆုံးဖြတ်ထားရင် အဲ့ပွဲနိုင်ရလိမ့်
မယ်။မင်းစိတ်က ရှုံးမှာကိုတွေးပူနေရင် အဲ့ပွဲမှာအနိုင်ရ
ဖို့မမျှော်လင့်နဲ့တော့..."
"ဒါပေမဲ့ မင်းစိတ်က နိုင်တာမနိုင်တာထက်
ရှုံးတာမရှုံးတာထက် ဒီပွဲက ငါ့ရဲ့အရည်အချင်းကို
အနည်းငယ်ပိုတိုးတက်လာလိမ့်မယ်။အဲ့လိုတွေးထားရင်
မင်းဘာမှပူပန်စရာမလိုအပ်တော့ဘူး။..."

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Donde viven las historias. Descúbrelo ahora