chapter 17 (Unicode)

926 55 3
                                    

"ယန်မမလေးကို ထိခိုက်အောင်မလုပ်ပါဘူး
ဒါက မမလေးအခုခံစားနေရတဲ့ဝေဒနာကို
ပျောက်ပျက်စေမှာပါ။"

"အမ်...ငါဘာမှခံစားမနေရပါဘူး
နာကျင်မှုလား? ဟာသပဲ ဘာဆိုဘာမှကိုမခံစားရတာ"

"ဘာပဲဖြစ်ဖြစ် အပ်စိုက်ကုထုံးကို
လုပ်ရပါလိမ့်မယ် စိုးရွံ့မိပေမယ့်
မှတ်ဉာဏ်ပြန်ရလာဖို့အတွက်
ဧကရာဇ်ကိုယ်တိုင် မိန့်ထားတာပါ"

"မလုပ်ဘူး...မလုပ်ဘူး
သတ္တိရှိရင် အဲ့ အပ်လားဘာလားဆိုတာကို
ငါ့အကြောတွေဆီမှာရအောင်စိုက်ကြည့်လေ။
ငါ့ကိုဘာများအောက်မေ့နေသလဲ?
ငါသိုင်းတွေဘာတွေလည်းတတ်.........အား...အား!"

စကားပြောနေတာတောင်မဆုံးသေး
လက်ကိုစိုက်လာတဲ့ အပ်ကြောင့်
သေလောက်အောင်အော်မိသည်။
အပ်လို့သာပြောနေတာ အပ်ရဲ့အရှည်က
လူသတ်လို့တောင်ရသည်။

"ရပ်ပါတော့ဆိုနေ.....ရှင်းရှင်း
ငါ့ကိုကယ်ဦး ဝေဒနာကြောင့်မသေဘဲ
အပ်စိုက်ခံရပြီးသေတော့မယ်"

"မမလေး......ရှင်းရှင်းလက်ကိုကိုင်ထားပါ
အကြောက်နည်းနည်းပြေလာအောင်လို့"

"ဘယ်သူက ကြောက်နေလို့လဲ...
မကြောက်ဘူး ဒါပေမဲ့............ပေး!"

"ရှင်?........."

"ပေးလို့ လက်!"

"အာ ဟုတ်ဟုတ်......"

"ပြီးတော့......နင် သမားတော်တုဟွမ်း
ငါနင့်ကိုအခဲမကြေဘူးသိလား!!"

"ကျွန်တော့်ကို နောက်မှ
အပြစ်ပေးချင်ပေးလို့ရပါတယ်
အခုတော့ ငြိမ်ငြိမ်လေးနေပေးပါ
မဟုတ်ရင် အကြောမှားစိုက်မိနိုင်ပါတယ်"

"ဟဲ့...နင်ကတော့ပြော......အားရှိတာပေါ့
နင်တို့က အပ်ပဲစိုက်......ပေးကြတာလေ။
အပ်မှစိုက်မခံ......ဖူးဘဲ။"

"တောင်းပန်ပါတယ် ယန်မမလေး
အပ်ကတချောင်းပဲကျန်ပါတော့တယ်
ပြီးခံနီးနေပါပြီ......"

"ပြီးပါပြီ......"

"နောက်ဆုံးတော့......ပြီး..ပြီးပြီပေါ့"

"တောင်းပန်ပါတယ်......ယန်မမလေး"

"အဲ့လောက် တောင်းပန်စရာမလိုပါဘူး
ခုနက ပြောလိုက်တာက နာလွန်းလို့
ပြောမိပြောရာပြောလိုက်တာရယ်......
ပြီးတော့ ဧကရာဇ်က မိန့်ပါတယ်ဆိုမှတော့
ဘာတတ်နိုင်မှာလဲ...နင့်ကိုလည်း
အပြစ်တင်လို့မရပါဘူးလေ!"

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Onde histórias criam vida. Descubra agora