chapter 22 (Zawgyi)

434 22 0
                                    

"ဒါနဲ့ မင်းဘာလို့ဂုတ်ကိုခနခနပွတ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ အားလုံရယ်။ခုနက
ဘုရားကျောင်းမှာလေ ဆရာတော်အပြင်
လူတယောက်နဲ့တွေ့ခဲ့သေးတယ်။အဲ့လူရဲ့
အရပ်ကရှည်လိုက်တာဆိုတာ စကားပြောဖို့
မော့မော့ကြည့်နေရတာ။မော့ကြည့်ရတာ
များလွန်းလို့ဇတ်ကြောတွေနာလာတယ်
ပြောမယ့်သာပြောရတာ ငါ့အစ်ကိုကလည်း
အရပ်ရှည်ပါတယ်။ဒါပေမဲ့ငါအစ်ကိုတော်နဲ့
စကားပြောလို့ရှိရင်တခါမှ ဇတ်ညောင်းတယ်
ဆိုတာမရှိဘူး"

"သူက ခါးကိုင်းပြီးပြောလို့နေမှာပေါ့
သူ့ရဲ့ရင်ခွင်မှီညီမလေးက အရပ်ပုတယ်လို့
မခံစားရအောင်လို့။"

"နင်သက်သက် ငါ့ကိုအရပ်ပုတယ်လို့
စောင်းပြောလိုက်တာပဲ"

"မဟုတ်ပါဘူးနော်...ဘာပဲဖြစ်ဖြစ်ပုတာက
ပုတာပဲလေ ။ရှည်လာမှာကျနေတာပဲ"

"ဘာပြောတယ်...နင်!!"

"မင်းရဲ့ခြေတိုလေးတွေနဲ့ငါ့ကိုကန်လို့
ရမယ်ထင်နေလား"

"ဘာကွ!! နင့်ကိုသတ်မယ် ရား........."

"အား...နာတယ်ဟ။မိန်းကလေးဖြစ်ပြီး
ဘာလို့အဲ့လောက်တောင်
လက်သံပြောင်ရတာလဲ"

"ငါ့ကိုအရပ်ပုတယ်ပြောချင်ဦး...ဟွန့်"

"ခေါင်းမခေါက်နဲ့...ငါ့ခေါင်းကဘယ်လောက်တောင်
အဖိုးတန်လိုက်သလဲ။ငါ့မှာမှတ်ထားရတာတွေ
အများကြီးပဲကွ သိလား"

"ငါ့ခေါင်းလည်းအဖိုးတန်ပါတယ်နော်
ဒီခေါင်းသေးသေးလေးထဲမှာ စဉ်းစား
တွေးခေါ်ထားရတာတွေဘယ်လောက်
များလိုက်သလဲ။နင်နဲ့ငါနဲ့ယှဉ်ရင်တူတူ
လောက်ပဲ လာမနှိမ်နဲ့"

"ငါ......"

"တော်ကြပါတော့ရှင်...ရန်ဖြစ်စိတ်ကောက်လည်းခနပဲကောင်းပါတယ်"

အစက လူနာစောင့်ရတာရယ်
ပြန်ထမလာသေးတဲ့လူကိုကြည့်နေရတာ
အရမ်းပင်ပန်းလို့ဆေးရုံရှေ့မှာ ခနလာနေနေတာပင်။
သို့သော် စကားများနေကြသည့်
စုံတွဲတတွဲကိုတွေ့လိုက်ရတော့
နည်းနည်းတော့ ဒေါသထွက်သွားသည်။
အများပိုင်နေရာတခုမှာအော်ကြီးဟစ်ကျယ်
လုပ်နေတာက တော်တော်လေးစိတ်ရှုပ်ဖို့
ကောင်းလွန်းသည်။ နဂိုကမှ မကြည်လင်နေတဲ့
စိတ်အနေအထားက ပို၍ဆိုးသွားလေသည်။
ထို့ကြောင့် တယောက်နဲ့တယောက် စိတ်ပြေသွား
အောင်လုပ်ပေးလိုက်မယ်လို့သာ ဆုံးဖြတ်လိုက်
သည်။

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Where stories live. Discover now