chapter 6 (Zawgyi)

890 40 0
                                    

ပြောရမယ်ဆို အရင်ဘဝတုန်းက
ကျိုးလျန်ရှန်းနောက်တကောက်ကောက်
လိုက်ခဲ့မိတာပဲ ကျေးဇူးတင်ရမယ်
မဟုတ်ရင် ညီလာခံနန်းဆောင်ဘယ်မှာရှိသလဲ
ဆိုတာသိမှာမဟုတ်သလို
ကျယ်ဝန်းလှတဲ့ နန်းတော်ကြီးထဲမှာလည်း
တယောက်တည်းလမ်းပျောက်နိုင်ပေသည်။

အနည်းငယ်လမ်းလျှောက်ပြီးတဲ့နောက်မှတော့
ညီလာခံနန်းဆောင်ကိုရောက်လာခဲ့ပြီ
ထိုကိစ္စအား အမြန်ဆုံးတားဆီးရန်
ဝင်ဖို့ပြင်လိုက်သော်လည်း.........

"ကျဲမင်အာ......ကျဲသတိရပြီလား?
ဘာလို့ မုလန်ကိုမပြောရတာလဲ
မုလန်မှာတော့ ကျဲကို စိတ်ပူလို့
အိပ်တောင်မပျော်ဘူး..."

(ကျဲ=တရုတ်လိုမမ)

ငါ့ကိုစိတ်ပူလို့မဟုတ်ဘဲနဲ့
ငါမသေမှာစိတ်ပူလို့မဟုတ်လား
ဟာသပဲ ငါရေကန်ထဲမပြုတ်ကျခင်
နင်ပြောခဲ့တဲ့စကားကို မမှတ်မိဘူးများအောက်မေ့နေလား
"လျန်ရှန်းက ငါပိုင်တာ!ဒီသာဝေနိုင်ငံကလည်း
ငါ ပိုင်ရမှာ။ ငါ့ရဲ့ရည်မှန်းချက်က
ရွှေနန်းဆောင်ပေါ်မှာဓားထက်တဲ့ဧကရီဖြစ်ဖို့ပဲ
ငါသွားနေတဲ့လမ်းမှာ ရှိနေတဲ့ဆူးမှန်သမျှကို
ဖယ်ရှားဖို့ဝန်မလေးဘူး!နင်အပါအဝင်
အဲ့တော့ သေလိုက်တော့!!"

"မဟုတ်ပါဘူး......တကယ်တော့
ငါ အဲ့နေ့က အဖြစ်အပျက်တွေကို
မမှတ်မိဘူး...မယ်တော်ပြောတာကတော့
ခြေချော်ပြီး ရေကန်ထဲပြုတ်ကျခဲ့တာတဲ့
ငါ့ကိုလှမ်းဆွဲရင်းနဲ့ နင်တောင်မှ ပြုတ်ကျမလိုဖြစ်ခဲ့သေးတယ်တဲ့"

"မမှတ်မိဘူးလား??"

"အင်း...မမှတ်မိဘူး ဒါပေမဲ့ မုလန်နင့်ကိုတော့
ကျေးဇူးတင်ပါတယ်...ငါ့ကြောင့် နင်ပါ
ထိခိုက်မလိုပဲဖြစ်ခဲ့တယ်ဆိုတော့လေ"

"အဲ...အဲဒါက ဘာမှမဟုတ်ပါဖူး
ကျဲက မုလန့်အပေါ်ဆို ဘယ်လောက်တောင်
ကောင်းလိုက်သလဲ သေချာပေါက်ကယ်ရမှာပေါ့"

"အင်းပါ...နောက်မှတွေ့ကြတာပေါ့"

"ဟု...ဟုတ်..."

'နင် နင်ဘာလို့မသေရတာလဲ ယန်မင်အာ
ဒီအတိုင်း သေသွားလိုက်ရမှာကို!!'

( ' က တွေးတဲ့အခါမှာသုံးပါတယ်
" ကိုတော့စကားပြောတဲ့အခါမှာ သုံးပါတယ်)

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Tempat cerita menjadi hidup. Temukan sekarang