"မြိုလို့ဆို့လို့ပြီးပြီလား!
စားနေတာ ဘယ်နှပန်းကန်ရှိပြီလဲ""ဟွေ့ကော!!!"
"ခင်ဗျာ......"
"မင်အာပြောထားတယ်လေ...
မင်အာထမင်းစားနေရင် မနှောင့်ယှေက်ဖို့ သေချင်နေပြီလား!"ပြန်တွေ့ရတာမကြာသေးလို့
ဒေါသကိုထိန်းပြီး
လွှတ်ထားတာကို
လာလာစနေတယ်။"ချီဟွေ့...ခနနေ ညီလာခံတက်ရဦးမှာမလား
သွားပြင်ဆင်ချည်တော့""ဟုတ်ကဲ့ မယ်တော်......
မြန်မြန်စား! မုန့်လုံးလေး""ဒီကောက မခံချင်အောင်ပဲ စနေတယ်
မင်အာက ဘယ်လောက်တောင်
ဒေါသကို ထိန်းချူုပ်ထားလိုက်ရသလဲ!
အဲဒါကိုမှ အားမနာ""စား...ဘာယူဦးမလဲ သမီးတော်
ပေါက်စီယူဦးမလား""မယူတော့ဘူး ခမည်းတော်
ဗိုက်ဝသွားပြီ......ပြီးတော့ မင်အာ့ကို
မင်အာလို့ပဲခေါ်လို့မရဘူးလားဟင်
ဘာလို့ ဆက်တိုက်သမီးတော်လို့ပဲ ခေါ်နေတာလဲဟင်""ဒါပေမဲ့ သမီးတော်က မင်အာလို့ မခေါ်ဖို့
်မယ်တော်တို့ကိုပြောထားတယ်လေ သမီးတော်ရဲ့ မမှတ်မိဘူးလားဟင်?"ဟုတ်သားပဲ...သူမ မေ့သွားတယ်
အရင်ဘဝတုန်းက
မင်အာလို့ သူမကို ခေါ်ပိုင်ခွင့်ရှိတဲ့သူက
ကျိုးလျန်ရှန်းတယောက်ပဲလို့ သတ်မှတ်ထားခဲ့တာ။တကယ့်ကို
တော်တော်ရူးခဲ့တာပဲ
ကိုယ့်မှာရှိနေတဲ့အရာတွေကိုတော့စွန့်ပစ်ပြီး
မရှိတဲ့အရာတွေကို ပိုင်ဆိုင်ချင်ခဲ့မိတယ်
တလောကလုံးမှာ အရူးမိုက်ဆုံးက
သူမပဲ။"အခု ခေါ်လို့ရပါတယ် မင်အာကမင်အာပဲလေ မင်အာလို့ပဲခေါ်ခေါ် သမီးတော်လို့ပဲခေါ်ခေါ်ပါ
မယ်တော်ခမည်းတော်တို့ရဲ့ သမီးပဲမို့""တကယ်လားဟင်..."
"ဘာလို့ ငိုတာလဲ မငိုပါနဲ့......
မင်အာ ဘာများပြောမိလို့လဲ""မဟုတ်ပါဖူး သမီးတော်...မဟုတ်ဘူး
မင်အာရယ် ဒီတိုင်းပျော်လို့ပါ""အာ အဲ့လိုလား...အနားယူလိုက်ပါဦး
မင်အာသတိမရခင်တုန်းက အများကြီး
ပင်ပန်းခဲ့တယ်မလား"
أنت تقرأ
အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U)
عاطفيةဆောင်းတွင်းရဲ့အငွေ့အသက်များဖြင့် သာယာလှပသော မနက်ခင်းတခုတွင် သာမာန်မဟုတ်သော ရေစက်ရှိသည့် ဇနီးမောင်နှံနှစ်ဦးမှာ အရင်နေ့တွေထက် ကွဲပြားနေခဲ့သည်။ "ကဲ...ပြောပါဦး ကိုယ်က မင်းရဲ့နံပါတ်တစ်လား?" "အင်း..နံပါတ်တစ်............ နောက်ဆုံးကရေရင်😝" ဆောင်းတွင်းရဲ့...