chapter 1 (Unicode)

2.7K 97 0
                                    

ကမ္ဘာမြေကြီးတခုလုံး
သာယာနေပေမယ့်
သူမရဲ့စိတ်တွေကတော့
မသာယာနေခဲ့။

ဒီနေ့က သူမ
နန်းချခံထားရတာ 3နှစ်ပြည့်တဲ့နေ့
တကယ်ဆို သူမ ဒီတိုင်းလေးပဲ အလှကြည့်နေခဲ့သင့်တာပါ။

အလှပန်းအိုးက အလှပန်းအိုးပဲလေ
အလှကြည့်နေရုံကလွဲ
ဘာမှလုပ်၍ရသည်မဟုတ်။

အခုတော့ အကုန်ပြောင်းလဲသွားခဲ့ပြီ
သူမ ဘာမှမတတ်နိုင်။
ဘာကြောင့် ပြောင်းလဲရသလဲ
သူမရဲ့လောဘကြောင့်ပဲပေါ့။

သူဟာ အရမ်းရက်စက်တယ်လို့
ပြောချင်သော်ငြားလည်း
ထိုစကားသည် အမှန်မဟုတ်ပေ။

သူ့အပေါ် အရင်
ရက်စက်ခဲ့သူကား
သူမပင် မဟုတ်လား။

သူဟာ အရမ်းရက်စက်တယ်
ဒါပေမဲ့လို့ ထိုရက်စက်မှုကို
သူမတယောက်ပဲ ခံစားရတာပါ။

တခြားသူတွေပေါ် ကြင်နာသလောက်
သူမအပေါ် ရက်စက်တယ်။

"အစားအသောက်လာပို့တာပါ
မမလေး......"

ရာသီဥတုတွေသာ
ကူးပြောင်းသွားမယ်
သူမကို  မမလေးလို့ ခေါ်တတ်တဲ့
သူမကို စွန့်မခွာသွားသေးတဲ့
လူက တယောက်ပဲရှိတယ်

"မမလေး......"

"ဟင်..."

"ဘာတွေစဉ်းစားနေတာလဲဟင်"

"ဘာမှမဟုတ်ပါဖူး......စိတ်ထဲမထားပါနဲ့
ဒါနဲ့  မင်း........."

"ဟုတ်  မမလေး.."

"ခုထိ အခေါ်အဝေါ်တွေ
မပြောင်းသေးဘူးလား ငါပြောထားပြီးသားပါ
ငါကအခု မင်းရဲ့မမလေး
မဟုတ်တော့ဘူးဆိုတာကို"

"ရှင်......ဘာတွေပြောနေတာလဲ
မမလေးရယ်...ဟင့်...မမလေးက မမလေးပဲလေ ဟင့်...အင့်ဟင့်
ဘာတွေပဲဖြစ်နေဖြစ်နေ ရှင်းရှင်းက
မမလေးကိုပဲ အလုပ်အကျွေးပြုမှာ"

"ခက်တော့တာပဲ ရှင်းရှင်းရယ်
ငါ........."

"မမလေး...စကားမပြောတော့ဘဲနဲ့
ထမင်းစားပါတော့...စွပ်ပြုတ်တွေအေးကုန်တော့မယ်"

"မငိုနဲ့တော့ တိတ်"

"ဟုတ်"

ရှင်းရှင်းက ငယ်ငယ်လေးကတည်းက
သူမအနားကနေ တဖဝါးမှ မခွာပဲနေခဲ့တဲ့
သူမရဲ့အစေခံပင်။

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Où les histoires vivent. Découvrez maintenant