chapter 13 (Unicode)

1K 80 6
                                    

သူမအိမ်မပြန်ခင် အဖိုးနဲ့အဘွားဆီမှ
ဝန်တွန်စွပ်ပြုတ်အား ဝင်ယူခဲ့သည်။
အစကတော့ သူမစားဖို့ပဲယူဖို့
ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
သို့သော် လျိုအိမ်တော်ကို လက်ဗလာဖြင့်
သွားလို့အဆင်မပြေတာကြောင့်,.........
ထို့အပြင် ထိုအိမ်တော်မှသားက
သူမရဲ့အသက်သခင်ဖြစ်နေတာ
ကြောင့်လဲပါသည်။
မြို့တော်ကို ဒုတိယမြောက်
အာဏာလွှမ်းမိုးတဲ့ အိမ်တော်ကို
စွပ်ပြုတ်ပေးတာက အနည်းငယ်ခွကျနိုင်  ်သော်လည်း လျိုသခင်မကြီးကလည်း
စွပ်ပြုတ်ကြိုက်တယ်လို့ ကြားဖူးတာကြောင့်
ယခုလက်ဆောင်က သေးငယ်ပေမယ့်
ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်လောက်ပေ။

မတော်လို့  ငါလိုမြင့်မြတ်တဲ့ လျိုသခင်မကို ဒီလိုလက်ဆောင်မျိုးပေးရသလားဆိုပြီးတော့
ကြက်မွှေးနဲ့ လိုက်ရိုက်ရင်တော့လည်း
ခွေးပြေးဝက်ပြေး ပြေးရုံပင်။

....၊
လျိုအိမ်တော်ရှေ့ရောက်နေပြီဖြစ်သော်လည်း
ဝင်ဖို့ မဝံ့မရဲဖြစ်နေလေသည်။
သူမတခါမှ ယခုလိုစိတ်လှုပ်ရှားဖူးပေ ။
ယခုအခြေအနေက ယောက္ခမနှင့်တွေ့ရမှာမို့
ကြောက်ရွံ့နေသည့် မရင့်ကျက်သေးသော
ဇနီးအသစ်လေးတယောက်နဲ့တူနေလေသည်။
လျိုရှောင်ချန်းကိုလည်း မည်သို့ကျေးဇူးတင်စကား
ပြောရမည်ကိုမသိပေ။

"လျိုအိမ်တော်ကိုလာတာလားခင်ဗျ..."
စဉ်းစားခန်းဖွင့်နေတုန်း ဘေးမှအမေးသံကြား၍
လှည့်ကြည့်မိသောအခါ နက်မှောင်လှတဲ့
ဆံကေသာကို ကြိုးဖြင့်
ရစ်ပတ်ချည်နှောင်ထားကာ  သန့်ရှင်းသပ်ရပ်တဲ့
အသွင်အပြင်နဲ့ ကောင်ငယ်လေးတယောက်။

"ဟုတ်..ဟုတ်ပါတယ်ရှင့်။
လျိုရှောင်...မှားလို့ လျိုသခင်လေးကို
လာရှာတာပါ။"

"အော်...အစ်ကိုကြီးကိုလာရှာတာလား?
အစ်ကိုကြီးက လောလောဆယ် အိမ်မှာမရှိဘူးရယ်။ခဏနေရင်တော့ ပြန်ရောက်မှာပါ ဒီက သခင်မလေးစောင့်ချင်ရင် အိမ်တော်ထဲဝင်ပြီး ထိုင်စောင့်လို့ရပါတယ်"

"နေပါ...နေပါ  ကျွန်မ ဒါလေးပေးချင်လို့ပါ။
လျိုသခင်လေးကို ကေဇူးတင်စကားလေးလည်း
ပြောပေးပါဦးရှင့် တောင်းဆိုပါတယ်..."

အာဏာပြင်းသော ကျွန်မခင်ပွန်း ( Z+U) Tempat cerita menjadi hidup. Temukan sekarang