Chapter -2.0

755 99 5
                                    

+++Unicode+++

အသွားအလာမစိမ်းသော ဒုစရိုက်နယ်ပယ်
တခုသို့  MR.Da yungတစ်ယောက် စိုက်မြိုက်စွာ ရောက်ခဲ့လေသည်။

"ဒီတခေါက်ပွဲကို မင်းဝင်နိုင်တော့မယ်မထင်ဘူး"

ကာစီနို ဝိုင်းရဲ့ထိပ်တွင် ဆေးလိပ်တစ်လိပ်ကိုငုံခဲရင်း ဒုစရိုက်ဘုရင် Mr. Hanဆိုတဲ့သူကပြောလာသည်။

MR.Da yung၏မာထန်နေသောမျက်နှာမှာ မခံချင်တဲ့အပြုံးတခုက ရုပ်ချည်းပေါ်လာပြီး။

"ငါ့ကိုငမွဲဖြစ်သွားပြီ ထင်နေတာလား"

စားပွဲဝိုင်းကို လက်နှစ်ဖက်ထောက်လျက် ဆက်ပြောလာသည်။

"အခုဆော့ဖို့အာရုံမလာပေမယ့် ဒီဝိုင်းထက် အဆတရာသော ငွေကို ‌မင်းကိုပေးဖို့လာခဲ့တာ Mr. Han စိတ်ဝင်စားရင် အခုငါ့ကိုအချိန်ပေးပြီးစကားပြောလိုက်စမ်း"

Mr. Han ဆိုသော ဒုစရိုက်သားက

"အံမယ် အဟုတ်ကြီးလား? အိုကေ  အချိန်ပေးကြည့်မယ် ငါ့နောက်လိုက်ခဲ့"

လူရှင်းသော အခန်းတခုသို့ ‌Mr. Hanက သူ့လူနှစ်ယောက်ဖြင့်အရှေ့မှ ဦးဆောင်ရာနောက်ကို MR.Da yung အနောက်မှ လိုက်ဝင်ခဲ့သည်။

အခန်းအတွင်းတွင် Mr. Hanဆိုဖာအနက်ရောင်ကြီးပေါ် ခြေချိတ်ထိုင်လိုက်ပြီး MR.Da yungကို‌ေမး‌ေငါ့ပြသည်။

"ပြောစမ်း"

Mr. Han ရှေ့တွင် MR.Da yungဝင်ထိုင်လိုက်ပြီး အထုပ်တစ်ထုပ်ရှေ့ချလိုက်သည်။

"မင်းလည်း ငါ့သတင်းကြားထားမှာပေါ့ အဲ့ဒီ့တော့ _"

"ဆိုတော့ သတင်းသမားကို ငါ့ကိုရှင်းခိုင်းတာလား"

MR.Da yung စကားမဆုံးခင် Mr. Han သူထင်မြင်ချက်ကိုရမ်းပြောသည်။

"မင်း အုံးနှောက်ကဒီလောက်ပဲပြေးလို့ ထောင်ထဲကိုလိပ်ခေါင်းလိုလုပ်နေရတာ
ငါကသတင်းသမားကို ဘာလုပ်ရမှာလဲ?ငါ့အရှက်ကိုခွဲတဲ့ ဟို‌ဂေးကောင်ကိုကွ"

ထွက်လာသောဒေါသနှင့်အတူ ဝါကျကိုပြီးအောင်ပြောလိုက်တော့ လဒူကောင်Mr. Hanက

"Park Jayကိုလား?"

မေးစေ့ကိုလက်ညှိုးနဲ့လက်မ ဖိပွတ်ရင်း အတန်ကြာစဉ်းစားပြီး။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now