Chapter -1.1

928 109 4
                                    

++++Unicode++++

ဆေးရုံထဲမှ ယိုင်လုလု ခြေလှမ်းများဖြင့်ထွက်လာသည့် Jay ကိုမြင်သည်နှင့် Mr.Lee ကားထဲမှ အမြန်ပြေးထွက်ကာ ဖေးမလိုက်သည်။

"သခင်လေး..."

ခြေထောက်တွင် ခွေယိုင်တော့မည့်Jayကို Mr.Leeကတွဲခေါ်လာပြီး ကားနောက်ခန်းထဲသို့ သေချာ တင်ပေးလိုက်သည်။

"ဘာလို့ ဒီလိုအဖြစ်အပျက်မျိုးကို
ထပ်ကြုံရတာလဲ?''

Jay ရင်ဘတ်ကိုဆုပ်ကိုင်၍ မျက်ရည်များကျဆင်းကာ ပြောလာတာ‌မို့ Mr.Lee ခမျာ စိတ်မကောင်းဖြစ်ရပြန်သည်။

"သခင်လေး အချိန်တွေလည်းကြာခဲ့ပြီပဲ ကိုယ့်စိတ်ကို ခံနိုင်ရည်ရှိသင့်နေပြီမဟုတ်လား"

"ကျတော် အသိစိတ်တွေထဲမှာမနေ့တနေ့ကလိုပဲ ဒါတွေကိုပြန်မတွေးချင်ဘူး သတိမရချင်တော့ဘူး "

Mr.Leeက Jay၏ခေါင်းလေးကိုအသာပုတ်ပေးလျက် သူကိုယ်တိုင်ပင် စိတ်မကောင်းဖြစ်မိတာတော့အမှန်။

"ပြန်ကြရအောင် "

--------------------------------------

ပြတင်းမှန်တံခါးမှတဆင့် ဖြတ်ကာ လွင့်လူးနေသော ဗေဒါရောင်လိုက်ကာစလေးများ Jay၏မျက်နှာနုနုလေးရှေ့တွင် ရစ်ဝဲနေသည်။ အဆွေးဓါတ်ခံကိုသိ၍ ချော့မြူနေသယောင်။

ဟိုးငယ်ငယ်ကတည်းကပါပဲ လူတွေ သူ့ကိုကျောခိုင်း ထွက်သွားတိုင်း သူဒီပြတင်းတံခါးလေးမှာပဲရပ်တန့်ရင်း စောင့်မျှော်ခဲ့တာ အခုထိပဲ။တချိန်မှာ ပြန်မလာနိုင်မှန်းသိခဲ့တာတောင် သူရူးမိုက်စွာမျှော်လင့်နေမိတုန်း။ ရာသီဥတုက အုံ့မိုင်းနေသည်မို့ သူ့စိတ်ကိုရွက်လွင့်မိခဲ့သည်။

'မျှော်နေမိတုန်းပဲ ကိုကို '

မျက်စိထဲမြင်ယောင်လာတဲ့ ယောင်ဝါးဝါးပုံရိပ်ကလေးတွေ။

"ကိုကို့ကို ဘယ်သူလုပ်တာလဲ ကိုကို့ပါးမှာ ဒဏ်ရာကြီးနဲ့ :"

သူကိုယ်တိုင် ကိုကို့ပါးကို ကွန်ပါဗူးနဲ့ ကောက်ပေါက်လိုက်ပြီး ကိုကို့ပါးနုနုမှာ သွေးစလေးများမြင်တော့ Jay ရင်ထဲမကောင်းပဲ အပြစ်ရှိသလို ငိုနေလေသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now