Chapter- 3.1

681 92 6
                                    

+++Unicode+++

ညလမ်းမီးရောင် ဝါဝါအောက်တွင် Jayမောင်းနှင်နေသည့် ကားလေးက လမ်းမပေါ်ရှိ ကားတို့ကို ကျော်တက်ကာ တရိတ်ရိတ်ပြေးလွှားနေသည်။

ရုတ်တရက် ကားနောက်ကြည့်မှန်မှ မြင်လိုက်ရသော ကားတစ်စီးက Jayသတိထားမိသလောက်ဆို အနောက်ကလိုက်နေသည်ဟု ထင်မိသည်။ထိုကားကို မျက်ခြေဖျက်ကာ အလျင်အမြန်မောင်းမိတော့ ထိုကားသည်လည်း Jayနောက်သို့ အမြန်နှုန်းတင်ကာ လိုက်သည်။မိမိနေသည့် အိမ်သည် လူနေရပ်ကွက်နှင့်ဝေးသော တိတ်ဆိပ်သည့်နေရာပေမို့ ကားချိုးကွေ့ဝင်လာသည့် လမ်းတစ်လျှောက် တိတ်ဆိပ်ခြောက်ကပ်လွန်းနေသည်။

ခြံရှေ့သို့ရောက်ချိန်တွင် ကားစက်ကို သတ်၍ မိမိနောက်မှလိုက်လာသော ကားကိုသေချာစောင့်နေလိုက်သည်။တဖက်ကားပေါ်တွင်ဆင်းလာသူက အနက်ရောင်ဝမ်းဆက်ဖြင့် ဦးထုပ်အနက်ကိုစောင်းထားသည်။မျက်နှာကို ခန့်မှန်းရခက်စေရန် maskအနက်ရောင်ကို တပ်ဆင်ထားလေသည်။

Jay၏ကားတံခါးနားမှာ ရပ်လာကာ ကားတံခါးကို လာခေါက်သည်။ကားမှန်ဟာ အနက်ရောင်မို့ ထိုလူက ဂျေးကိုမမြင်ရသော်လည်း Jayကတော့ကောင်းစွာမြင်နေရသည်။

မင်္သကာဖွယ်ရာထိုလူကို Jayမသိတာကြောင့် ထိုလူထိခိုက်စေရန် ကားတံခါးကို ဆောင့်တွန်းဖွင့်ကာ  စတင်တိုက်ခိုက်လိုက်သည်။Jayထင်ထားသည့်အတိုင်း ကားထဲမှထွက်လာသည်နှင့်တပြိုင်နက် ထိုလူက Jayအား တိုက်ခိုက်တော့သည်။

လုံးထွေးသတ်ပုတ်နေသူနှစ်ဦး၏မလှမ်းမကမ်းတွင်  Sunghoonကားစက်ကို ရပ်ကာ ကြည့်မိနေသည်။ဦးထုပ်ဆောင်းထားသော လူကို Sunghoonမသိသော်လည်း ကျန်တစ်ဦးကတော့ Jayဖြစ်နေသည်။

Sungheeသည် ကင်ချီနှင့်တစ်ပတ်စာ အစားအသောက်များကို Jay အတွက် Sunghoon ကိုပို့ခိုင်းလိုက်သောကြောင့် ယခုJayအိမ်ကို ရောက်ရှိလာသည်။

ယခုမြင်နေရသော မြင်ကွင်းက Jay သည် မြေပြင်မှာ လဲကျနေပြီး ဦးထုပ်နှင့်လူက Jay၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့်စိတ်ကြိုက်ကန်ကျောက်နေလေ၏။Jay ပါးစပ်မှာထွက်လာသော သွေးတို့ကိုမြင်ချိန်တွင် Sunghoon ၏ခေါင်းက ရုတ်တရပ်မိုက်ခနဲ မူးဝေလာကာ Sunghoonလွှင့်ရန်ယူလာသော Car Dashboardပေါ်ရှိ နာရီဗူးက စတင်ရွေ့လျားကာ အောက်သို့ပြုတ်ကျသွားသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now