Chapter- 9.1

554 78 13
                                    

+++Unicode+++

"ကိုကိုဘာတွေဖြစ်နေလဲ၊အဆင်မပြေတာများရှိနေလား"

Sunghoon ထံသို့အနီးစပ်ဆုံးတိုးကပ်လာပြီး ပါးနှစ်ဖက်သို့ အုပ်ကိုင်လာသည့်Jayလက်တွေ။

Jay အမေးကိုခေါင်းသာ ခါပြနိုင်ပြီး။အသံကမထွက်နိုင်။မျက်နှာထပ်မှ Jay လက်တို့ကိုကိုင်တွယ်၍ မသိမသာဖြုတ်ချလိုက်၏။

"အိပ်တော့နော် "

Jay က ပြုံးသည်ဆိုရုံလေးဖြင့် ခေါင်းညိတ်ပြသည်။Sunghoon ပြောပြီးသည်နှင့်အပြင်ကိုထွက်သွားရန်ပြင်မိသည်။

"ကိုကို ဘယ်သွားမလို့လဲ?"

Sunghoon ခြေလှမ်းတွေရပ်တန့်သွားကာ Jayကို ကျောခိုင်းထားဆဲ။

"အပြင်ကိုခဏပါ၊အိပ်နှင့်နော်"

ပြန်ဖြေလာမည့် Jayရဲ့အဖြေကိုမစောင့်တော့ဘဲ အခန်းအပြင်သို့ထွက်လာလိုက်သည်။

Jay အခန်းတံခါးဝကိုကျော်လွန်ပြီးသည့်နောက် တံခါးကိုကျောမှီရင်းထိုင်ချပစ်လိုက်သည်။

ကိုယ့်ကိုလိုအပ်ပါတယ်ဆိုတဲ့ Jayရဲ့ဖြူစင်စွာဝန်ခံခြင်းတွေနောက်မှာ ပေးဆပ်ခဲ့သမျှက အသုံးချခံလိုက်ရတာ။

ထားမသွားပါနဲ့ဆိုတဲ့ Jayရဲ့အသနားခံခြင်းတွေအောက်မှာ ကိုယ့်ရဲ့ချစ်ခြင်းတွေက လှောင်ရယ်ခံလိုက်ရတာ။

ဦးနှောက်ထဲမှာပေါ်လာသည့်အရာတွေကြောင့် သူ့ရဲ့တန်ဖိုးမဲ့သွားတဲ့ချစ်ခြင်းတွေကို နှမြောမိသည်။နာကျင်မိသည်။ဒေါသထွက်မိသည်။

ဆို့တက်လာသည့် မျက်ရည်တွေကထိန်းထားနိုင်စွမ်းမရှိတော့ပဲ အသံမထွက်စေရန် လက်ခုံကိုကိုက်ကာ သူငိုချမိလိုက်သည်။ပထမဦးဆုံးပဲ ယောကျာ်းတန်မဲ့ ယောကျာ်းတစ်ယောက်ဆီမှာသူလုပ်ပေးခဲ့တာတွေအားလုံး အခုသူကျနေသည့်မျက်ရည်စက်တွေအထိ။

စိတ်လွှတ်ကာ ငိုချပြီးသည့်နောက် ရင်ထဲမှာအနည်းငယ်ပေါ့လို့သွားသည်။

ထို့နောက်နေရာမှထ,ရပ်ကာ အခန်းတံခါးဝကိုအသာဖွင့်ကြည့်မိသည်။ကုတင်ပေါ်မှာ အိပ်နေသည့် Jay ကိုတချက်ကြည့်၍ Jayအိမ်မှာဆက်မ‌နေတော့ဘဲ မိမိအိမ်ကိုသာပြန်ခဲ့မိသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now