Chapter-6.1

541 91 8
                                    

++++Unicode++++

အခန်းထဲမှာအနွေးဓါတ်ငွေ့ငွေ့နှင့်အတူ Jay ၏အသက်ရှုသံမျှင်မျှင်မှလွဲ၍ အရာအားလုံးက တိတ်ဆိပ်လျက်။

Sungheeပြန်သွားပြီးနောက် Sunghoonနှင့်Jayနှစ်ယောက်ထဲ ကျန်နေရစ်ခဲ့သည်။

မမက သူဝတ်ဖို့အဝတ်အစားနှင့်အစားအသောက်တွေယူလာခဲ့ပြီး Jayအနားမှာနေပေးဖို့ပြောသွားသည်။

နောက်ကျိနေသည့်စိတ်ကြောင့် ရေချိုးပစ်လိုက်သည်။အဝတ်စားလှဲကာ ခဲရောင် Hoodieတစ်ထည်ကို  အနက်ရောင်Addidasဘောင်းဘီနှင့်တွဲဝတ်လိုက်သည်။
Jayမနိုးခင် ထမင်းစားခန်းထဲမှာ စားစရာရှိတာသွားစားဖြစ်သည်။

သူစားနေတုန်း Mr.Leeရောက်လာသည်။

"Sunghoonစားဖို့ ဦးလေးဘာလုပ်ပေးရမလဲ "

"ရပါတယ် မမလာပို့ထားတဲ့ဟာပဲစားလိုက်တယ်"

Mr.Leeက ခေါင်းညိတ်ပြရင်း ထွက်သွားရန်ပြင်သည်။နောက် ပြန်လှည့်လာပြီး။

"Jay ကို စောင့်ရှောက်ပေးတာ ကျေးဇူးပါ Sunghoon ၊ထပ်ပြီးလည်း အနားမှာရှိနေပေးပါဦး။"

စားစရာတွေကို ပလုပ်ပလောင်းငုံထားရင်း Mr.Lee ရုပ်တရက်ပြောလာသော စကားကို ကြောင်‌အ,စွာနားထောင်နေပြီးခေါင်းညိတ်ပြမိသည်။

ဒီနေ့ ကုမ္ပဏီကိုမသွားဖြစ်တာကြောင့် Jayလုပ်လက်စတွေကို သူပြန်‌ကြည့်ကာ မှီသလောက်လုပ်ကြည့်သည်။စာရင်းဇယားပိုင်းကို သေချာစစ်ကြည့်နိုင်ပေမယ့် IT projectတွေမှာတော့ သူမလုပ်တတ်တာမို့ Jay အိပ်နေသည့် ကုတင်ဘေး ထိုင်ခုံပေါ်မှာသာ စာအုပ်တစ်အုပ်ဖတ်နေမိသည်။

"ဟင်းးးး"

Jayထံမှငြီးသံသဲ့သဲ့ကြောင့် လက်ထဲမှကိုင်ထားသည့်စာအုပ်ကိုချ၍ Jayအိပ်နေသည့်အပေါ်မှ အုပ်မိုးကြည့်ကာ နဖူးစပ်မှချွေးစများသီခိုနေတာတွေ့တော့ လက်ကိုင်ပုဝါတစ်ထည်ဖြင့်သုပ်ပေးမိသည်။

Jay မျက်ခွံလေးတွေလုပ်ခတ်လာပြီး ဖွင့်ကြည့်လာချိန် သူက ကုတင်ဘေးကနေရပ်က Jayအပေါ်မှာအုပ်မိုးလျက်မို့ Jay ကသူ့မျက်နှာထံလက်တစ်ဖက်လှမ်းလာသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now