Chapter - 10.0

706 84 12
                                    

++++Unicode++++

စိတ်ကိုထိန်းရင်း ကားစတီယာဝှီးကို ခပ်ကျစ်ကျစ် ဆုပ်ကိုင်လျက် ကားမောင်းကြည့်ရန် ဆုံးဖြတ်မိသည်။
ဂယောက်ဂယက်ဖြစ်နေသည့် စိတ်က ကားကိုသူကိုယ်တိုင်မောင်းဖို့ မဖြစ်နိုင်။

မျက်ရည်များဝဲနေသည့်ကြားက ဖုန်းကိုထုပ်၍ ဦးလေးLeeကိုဖုန်းဆက်ကြည့်ရတော့သည်။

တဖက်ဖုန်းက မအားသေး။လူကြီးမင်းနှင့်သာတိုး‌နေ၍ တစ်ကြိမ်နှစ်ကြိမ်မက Jayကြိုးစားခေါ်နေမိ၏

ကြိမ်ဖန်များစွာ ခေါ်နေသည့်ဖုန်းက နောက်ဆုံးတစ်ခေါက်မှ ကိုင်လာသည်။

"ဟယ်လို
ဦးလေLee ကျတော့်ကိုလာခေါ်ပေးလို့ရမလား ကားမောင်းဖို့အဆင်မပြေလို့။"

Mr.Leeဘက်က ‌နေရာကိုမေး၍ ချက်ချင်းလာခေါ်မည့်ဟု ဆိုသော
ကြောင့် Jay စိတ်‌အေးသွားရ၏။

မကြာမှီအချိန်အတွင်း Mr.Leeသည် Taxi တစ်စီးဖြင့် Jayပြောသည့်နေရာသို့ တန်းမတ်စွာရောက်လာခဲ့သည်။
မောင်းသူဘက်မှကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ သခင်လေးရယ်"

Jayသည် မျက်ရည်လည်နေသော မျက်ဝန်းများဖြင့် ကလေးတစ်ယောက်လိုစကားဆိုလာသည်။

"ကျတော်က မကောင်းဘူးနော်။ဒယ်ဒီပြောခဲ့သလို ကျတော်က ဂြိုလ်ဆိုးပဲဖြစ်မယ်ထင်တယ်။ နောက်ဆုံးတော့အနားမှာရှိတဲ့လူအားလုံးက ကျတော့်ကြောင့်ပဲ ထားသွားခဲ့ကြတာ။

အခုလည်း Sunghoonကျတော့်ကို မုန်းသွားပြန်ပြီထင်တယ်။"

Jayကိုကြည့်၍ Mr.Lee တစ်ယောက် စိတ်မကောင်းဖြစ်မိသည်။Jay ဘေးနားကလူတွေသည် သူအပါအဝင် Jayအတွက် လူကောင်းတစ်ယောက်မဖြစ်ခဲ့။

ကုတ်အင်္ကျီအိပ်ကပ်အတွင်းမှ အသင့်ပါလာသော လက်ကိုင်ပုဝါကိုထုပ်၍ Jayမျက်နှာနားတိုးကပ်သွားကာ နှုတ်ခမ်းနှင့်နှာခေါင်းပေါ် ဖိကပ်အုပ်လိုက်သည်။Jay ထံမှတချက်သာရုန်းပြီး ထိုင်ခုံနောက်မှီသို့ မှီ၍ငြိမ်ကျသွားတော့၏။

"တောင်းပန်ပါတယ် ကလေး။"

မျက်ရည်စီးကြောင်းတွေနဲ့ မေ့‌မျော
သွားသော Jayကိုကြည့်၍ Mr.Lee ကျဉ်းထဲကြပ်ထဲမှာရောက်နေချိန်မို့ မလွှဲသာစွာလုပ်လိုက်ရသည့် မိမိလုပ်ရပ်အပေါ် ရွံရှာမိ၏ ။အားနည်းနေသူကို ဖေးမကူညီရမည့်အစား ဒုက္ခတွေသာပေးမိနေသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now