Chapter -2.1

690 90 5
                                    

+++Unicode+++

ဒီနေ့ Sunghoon အလုပ်မှစောစီးစွာပြန်လာပြီး ရေချိုးအဝတ်စားလှဲ ၊စားဖို့သောက်ဖို့ ပြင်ဆင်သည်။ဖွယ်ဖွယ်ရာရာတော့မဟုတ် ဦးလေးဖြစ်သူက ည ပြန်မလာနိုင်ကြောင်းဖုန်းဆက်ထား၍ တစ်ယောက်စာ ထမင်းကို အမေရိကန်စတိုင် ကြော်လိုက်ပြီး ထမင်းပန်းကန်တစ်လုံး၊သောက်စရာ ရေခဲသေတ္တာထဲမှ colaတစ်ဗူးယူကာ TV ရှေ့သိုကြွချီလာခဲ့သည်။

TV မှ ရောက်တတ်ရာရာကို ထမင်းစားရင်းသာကြည့်နေလိုက်သည်။ညနေခင်း အပြည်ပြည်ဆိုင်ရာ သတင်းများလာတော့ Jayဆိုသော သူဌေးလေးအကြောင်းသတင်းထဲတွင်ပါလာပြန်သည်။

လုပ်ကြံခံရခြင်း။ မလှပသောအသုံးနှုန်းတခုပင် ။လူတွေကခက်ပါတယ် ။တစ်ပါးသူရဲ့အောင်မြင်မှုကို လုယူချင်ကြတယ်။နည်းနည်းလေးတွေးမိတော့ နည်းနည်းလေးဒေါသထွက်ရ၏ ဒါကြောင့် သူပြောပါတယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆို သူ့လိုမျိုးကိုယ်ခံပညာလေးတတ်ထားတာကောင်းပါတယ်လို့ ဒါကို သူ့မိဘတွေကနားမလည်ကြဘူး။

Sunghoon မိမိ အတွေးနဲ့သာ လက်နှစ်ဖက်ကိုရှေ့ထုပ် လက်သီးဆုတ်၍သူတတ်ထားသော တိုက်ကွမ်ဒို သိုင်းကွက်တွေ တစ်ယောက်ထဲ ထုတ်သုံးနေရင်း အရှိန်လွန်ကာ ရှေ့မှ မှန်စားပွဲကို ဆောင့်ဖိချလိုက်သောကြောင့် အက်ကွဲရာများထသွားရှာသည်။

" ဟာ သွားပြီ.."

စားပွဲလေးကို လက်ထောက်ပြီး ဟိုပုတ် ဒီပုတ် စစ်ဆေးကြည့်ရင်း တစ်ယောက်ထဲစကားဆိုမိနေသည်။

" တော်သေးတာပေါ့ ကွဲကြောင်းလေးပဲထင်သွားလို့ ဦးလေး မလာခင် စားပွဲခင်းဝယ်ခင်းထားလိုက်ရင် ဘာမှ.............."

ခလွမ်း ....!!!!!

စကားတောင်မဆုံးခင်မှာ ကြမ်းပြင်ပေါ်သို့ တစ်ပိုင်းတစ်စ ကြွေကြသွားသော မှန်ကွဲစများပင်။Sunghoon ဆံပင်တွေထဲလက်ချောင်းများထိုးကာ တဗျင်းဗျင်းကုတ်ချပစ်လိုက်သည်။

မှန်ကွဲစများသေချာရှင်းလင်းလိုက်တော့ မပြည့်စုံသော ဧည့်ခန်းလေးက အထီးကျန်လျက်။ဖုန်းကိုဖွင့်ပြီး အွန်လိုင်းပေါ်မှ စားပွဲတစ်လုံးမှာယူလိုက်သည်။ငွေရေးကြေးရေးကတော့ ဦးလေးဖြစ်သူရဲ့Credit Cardလေးပေါ့။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now