Final

1.5K 112 30
                                    

+++Unicode+++

-Rewrite The Stars-

ညကိုးနာရီအချိန်တွင်နှင်းမုန်တိုင်း လာမည်ဟု တီဗွီဖန်သားပြင်မှကြေညာနေသည့် သတင်းကိုနားထောင်အပြီး Mr. Lee အိမ်ရှိပြတင်းတံခါးများကို လိုက်လံပိတ်လိုက်၏။

အခန်းအတွင်း လေနွေးစက်ကို အရှိန်အနည်းငယ် မြှင့်တင်လိုက်ပြီး Jayရဲ့ဆေးသောက်ချိန်ရောက်ရှိလာတာကြောင့် Jayအခန်းအတွင်းသို့ ဝင်လာခဲ့သည်။

"သခင်လေး ,သခင်လေး ."

အခန်းတံခါးကိုတွန်းဖွင့်ကာ အခန်းအတွင်းဝင်ကြည့်တော့ Jayက ရှိမနေ။

"ဒီကလေး ဘယ်ရောက်သွားပြန်ပြီလဲ"

တစ်အိမ်လုံးလိုက်ရှာကြည့်သည်။အရိပ်အယောင်ပင် မတွေ့ရ။

"ဟာ ၈နာရီတောင်ကျော်နေပြီ ညကြီးဘယ်ကိုထွက်သွားရတာလဲ"

Mr. Lee စိုးရိမ်စိတ်တို့ဖြင့်အစိုးမရ။ အရင်ဆုံး Sunghoonထံကိုဖုန်းဆက်လိုက်သည်။

Sunghoonက အလုပ်ကချက်ချင်းပြန်ခဲ့မည်ဟုဆိုကာ ဖုန်းချသွားသည်။

............................

နှင်းမုန်တိုင်းရှိသည်ကြောင့် နှင်းဖွဲလေးတွေက အနည်းငယ်ကျဆင်းလာနေသည်။

Sunghoonအာရုံတစ်ခုလုံးက Jayဆီမှာမို့ ကားကိုအမြန်ပင်မောင်းနှင်နေမိသည်။တကယ်ဆို ဒီအလုပ်တွေကို သူမလုပ်ချင်တော့ဘူး။Jayက အရင်လိုစိတ်မဟုတ်တော့တာမို့ Jayအနားမှာပဲ အဖော်ပြုပေးချင်ပါသည်။သို့သော် Jay၏အလုပ်တွေက ရှိသေးသည်မို့ Sunghoonအားလုံးတာဝန်ယူ လုပ်ကိုင်နေရသည်။

Jay အိမ်နှင့်နီးကပ်နေသည့် လမ်းသွယ်၏ဘေး ပလပ်ဖောင်းတခုမှာ ထိုင်နေသည့်လူတစ်ယောက်ကို Sunghoonအမှတ်မထင်တွေ့လိုက်ရသည်။

အညိုရောင် paddingအင်္ကျီထူကိုဝတ်ဆင်ထားပြီး ပလပ်ဖောင်းပေါ်မှာထိုင်နေသည့် Jay။အဝေးကလှမ်းကြည့်တော့ ညိုလုံးလုံးလေးဖြစ်နေသည်။
Jay ထိုင်နေသည့် အရှေ့ကပ်ရပ်တွင် ကားကိုရပ်ကာ ။

ကားပေါ်ကဆင်းလာသည့် Sunghoonကိုမြင်သည်နှင့် Jayက ကလေးတစ်ယောက်လို ခုန်ပေါက်နေတော့သည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now