Chapter -1.0

2.7K 140 1
                                    

+++Unicode+++

မှောင်မိုက်နေသည့် လမ်းမတစ်လျှောက် ပြေးလွှားနေတဲ့ ဖြူလွှလွှ အနောက်တိုင်းသတို့သား ဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်ယောက်။ ထိုလူက သူကိုယ်တိုင်မှန်း သိသည် ။
သေချာတာတော့ သူမောပမ်းနေပြီ ဒါပေမယ့် သူရှာနေတဲ့ အရိပ်အယောင်ကို မတွေ့နိုင်သေး။

ကျွီ ,ဒုန်း ဒုတ် ဒုတ် ဒုတ် ဗောင်း !!!

 ကိုကို ::::::! အားးးးး!

Jay သူ၏ ခန္ဓာကိုယ်ကို ရုန်းကန်ကာ ထ,ထိုင် မိတော့သည်။

Jay ၏ တုန်ရီနေသောခန္ဓာတစ်ခုလုံး‌ချွေးများစိုရွှဲလျက် နှလုံးခုန်သံများကလည်း ပုံမှန်ထက်မြန်ဆန်စွာ လှုပ်ရှားရင်း။

ကုတင်ပေါ်မှထ၍ ဘေးစားပွဲခုံပေါ်မှာ အမြဲတင်ထားတတ်သော ရေခရားအကြည်ထဲမှ ရေများကို ဖန်ခွက်ထဲလှယ်ထည့်ပြီး သောက်လိုက်သည်။တိတ်ဆိတ်သည့်ညလယ်မှာ သူ၏လည်ချောင်းမှရေကိုမြိုချနေသည့်အသံဟာ အလောတကြီး။

'ဒေါက်'တုန်ယင်နေသော သူ၏လက်ကြောင့် ဖန်ခွက်ကိုပင် အသာမချနိုင်။

ပင်ပန်းတုန်ရီနေသည့်စိတ်တို့ကို တည်ငြိမ်စေရန် လေပူတချက်အဖြစ် မှုတ်ထုတ်လိုက်သည်။

'ဟူး:::'

"ငါ ဒါကို ထပ်မက်ပြန်ပြီ"
နှုတ်ခမ်းလှုပ်ရုံသာ ရွတ်လျက်။

ကုတင်ခေါင်းရင်း မှ aircon remoteကို ယူပြီး ‌အအေး ဓါတ်ကို ထပ်တိုးလိုက်သည်။ ပြန်အိပ်ဖို့ ကြိုးစားမိပေမယ့် ကျယ်ဝန်းသောအခန်းထဲမှ နာရီသံ တချက်ချက်သာ ကြားနေရသည်။သေချာတာတခုက ဒီအိမ်မက်ကိုသူမက်တဲ့ညတိုင်း ပြန်အိပ်ဖို့ ဘယ်လိုမှကြိုးစား၍မရခဲ့ပါ။မျက်လုံးကိုကြိုးစားမှိတ်ထားပေမယ့် နှာခေါင်းပေါ်မှ စီးကျလာသော ပူနွေးနွေးခံစားမှုကိုတော့ရလိုက်သည်။
သူမျက်ရည်ကျမိပြန်ပြီပဲ....။ဟင်အင်း ငိုမိတော့မှာ ။လှိုက်တက်လာတဲ့ ရင်ထဲကခံစားချက်က နှလုံးသားကိုလာဆောင့်၍ နာကျင်မှုကိုခံစားရသည်.။ရင်ဘတ်ကိုဆုတ်ကိုင်ကာ အသံထွက်အောင်ငိုမိတော့သည်။

ဒီလိုညမျိုးတွေ တံခါးပေါက်နားမှာ တိတ်ဆိတ်ကာ ရပ်နေသော အိမ်တော်ထိန်း Mr.Leeမှလွဲ၍ Jay ငိုနေသည့်အသံကိုမည်သူမျှမသိခဲ့ပါ။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now