Chapter-4.1

562 89 5
                                    

++++Unicode+++

"ဒါက ဘယ်လဲ?"

မနက်စောစော လေလေးတချွန်ချွန် ရှိုးအပြည့်ဖြင့် မနက်စာစားရန်ရောက်လာသော မောင်ဖြစ်သူကို Sunghee လက်ဖက်ရည်တစ်ငုံကိုသောက်ရင်း မေးလိုက်သည်။

"အလုပ်ပေါ့"

"၁၀၉/၁၁၀ကများ ဘယ်ကအလုပ်ရှိလို့လဲ"

စားပွဲမှာဝင်ထိုင်ရင်း မှောက်ထားသော ကြွေခွက်အတွင်းသို့ စားပွဲပေါ်မှအသင့်ရှိနေသည့် ‌Moconaကော်ဖီမှုန့်တွေကို ဇွန်းဖြင့် ကြွေခွက်‌ထဲထည့်လိုက်သည်။

ရေနွေးပူပူကို ခွက်အတွင်းလောင်းထည့်ကာ ကော်ဖီဇွန်းကိုကောက်ကိုင်လိုက်ပြီး အမဖြစ်သူကို စကားဆိုသည်။

"ဒီနေ့ကစပြီး Jayရဲ့ Secretaryဖြစ်သွားပြီ ဟဲဟဲ"

Sungheeက မောင်ဖြစ်သူကို မယုံသလို သေချာလို့လားဆိုသည့်ပုံဖြင့် ကြည့်လာသည်။

"မယုံဘူးလား မမပဲ လုပ်ပေးပါ၊ကူညီပေးပါဆို"

"တအိမ်လုံး ခခယယတောင်းဆို
နေတာတောင် ဘူးခံငြင်းနေတာ အခုမှ ဘာစိတ်ကူးထပေါက်တာလဲ ငါ့မောင်။"

Sunghoon ကော်ဖီတစ်ငုံသောက်ရင်း အမဖြစ်သူအမေးကို မဖြေပဲ ပြုံးရုံသာပြုံးနေခဲ့သည်။

'မပြောဘူး မမရေ၊လုံးဝမပြောဘူး'

.................................................

Sunghoon ကုမ္ပဏီကို လာကြိုမည်ဟုပြောထားတာကြောင့် Jay အလုပ်လုပ်ရင်း စောင့်နေခဲ့သည်။‌ညနေပိုင်းရုံးဆင်းချိန်ကျော်ပြီမို့ လုံခြုံရေးဝန်ထမ်းမှအပ ကုမ္ပဏီမှာ မည်သူမျှမရှိ‌တော့ချေ။

ခဏအကြာ အားသွင်းထားသော ဖုန်းမှ ringtoneသံမြည်လာပြီး screenပေါ်တွင် Sunghoonဟုပေါ်နေသည်မို့ Jayအမြန်ပင်ကိုင်လိုက်သည်။

"ဟယ်လို"

တဖက်မှ ကားပါကင်မှာရောက်နေ
ကြောင်းပြောလာတာမို့။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now