Chapter -6.0

484 89 6
                                    

++++Unicode++++

နာရီ။

"ကိုကို ကျတော့်ကိုအထက်တန်းအောင်ပြီးသွားတဲ့အနေနဲ့ တခုခုဝယ်ပေး"

ကိုကို့ပုခုံးကိုဖက်တွယ်ပီးမေးတော့ ကိုကိုက ခေါင်းရမ်းပြသည်။

"ဘာလို့ခေါင်းရမ်းတာလဲ မဝယ်ပေးဘူးဆိုတဲ့သဘောလား?"

"Heeseung နင်ကလေးကို စိတ်ချမ်းသာအောင်ထားစမ်းပါ "

"နင်ပါလာရင် နင်တို့နှစ်ယောက်ကြား ငါတော့ခေါင်းမူးတော့မယ်ထင်ပီးသား"

Sungheeက Heeseungကို လက်သီးထောင်ပြကာ အသံတိတ်မေတ္တာပို့နေသည်။

Heeseung နှင့် Sunghee ဈေးဝယ်ထွက်ရင်း အထက်တန်းနောက်ဆုံးနေ့ဖြစ်သည့် Jayကို ကျောင်းမှဝင်ကြိုကာ သုံးယောက်အတူတူ ဈေးဝယ်ထွက်ဖြစ်သည်။

F.P Journey အမှတ်တံဆိပ်ဖြင့် နာရီဆိုင်ရှေ့အရောက် Jayက ဆိုင်ထဲကို Heeseungအား မရမက ခေါ်သည်။
နာရီဟာ ကမ္ဘာပေါ်မှာအရေအတွက်အကန့်အသတ်နှင့်ထုပ်ပြီး တန်ဖိုးကြီးနာရီအမှတ်တံဆိပ်များထဲမှာ တခုဖြစ်သည်။နောက်ဆုံးပေါ်ဖြစ်သည့် နာရီတစ်လုံးကို ကြိုက်မိသည့် Jayက ကိုကို့ကို ပူဆာပြီးဝယ်ခိုင်းသော်လည်း ကိုကိုက ဝယ်မပေး။

Jay ကိုကို့ကိုစိတ်ကောက်ပြီး အခန်းတံခါးပိတ်ကာ တနေ့လုံးစကားမပြောပဲ‌ နေဖြစ်သည်။

မေမေHanna လာချော့တာတောင် Jayစိတ်တို့မလျော့ခဲ့ ။

ထိုညက အားလုံးအိမ်မောကျနေစဉ် သန်းခေါင်ယံအချိန်တခုမှာ Jay အိမ်ကို လူစိမ်းများချဉ်းကပ်လာကာ Jayအခန်းအတွင်းသို့ သော့တုတစ်ချောင်းဖြင့်ဖွင့်ဝင်ကြပြီး အိပ်နေသည့်‌Jayကို ဖမ်းဆီးခေါ်ဆောင်ကြသည်။ရုန်းကန်နေသည့် Jay မှာ 'ကိုကို'ဟုတစ်ခွန်းကလွဲ၍ မည်သည့်အသံမျှမထွက်နိုင် ထိုလူတွေခေါ်ဆောင်ရာသို့လိုက်ပါသွားရသည်။

ကိုကို။

Heeseung အလုပ်လုပ်နေရင်း တစ်ချက်အိပ်ငိုက်သွားချိန်နားထဲမှာ အိမ်မက်လိုလို Jay၏အသံကိုကြားရသည်။ထိုင်နေရာမှ ထကာ Jay အခန်းဆီသို့ လာကြည့်တော့ တံခါးကပိတ်ထားမြဲ။

"JayJay!"

အပြင်မှ ခေါ်ကြည့်သည်။အိပ်ပျော်နေသည်ဟုထင်မှတ်ကာပဲ အခန်းရှေ့ကလှည့်ထွက်ရန်ပြင်မိသည်။စိတ်ထဲမှာတခုခုကို စိုးရိမ်နေသလိုမျိုးရှိနေတာမို့ တံခါးလက်ကိုင်ကို တွန်းဖွင့်ကြည့်တော့ ပွင့်ဟသွားသည် တံခါးနှစ်ချပ်နောက်မှာ အခန်းထဲကုတင်ပေါ်မှာ Jayက ရှိမနေ။ထိုအစား ရှုပ်ပွနေသည့် စောင်တွေနှင့် ခေါင်းအုံးတို့က ပြန့်ကျဲလျက်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now