Chapter - 5.0

591 92 4
                                    


မနက်ခင်းရဲ့ နေရောင်ခြည်ဟာ ကာရံထားသည့်မှန်ချပ်များကို ထိုးဖေါက်၍ Sunghoon မျက်နှာပေါ်သို့ ကျရောက်လာသည်။

Sunghoon မည်ကဲ့သို့အိပ်ပျော်သွားသည်မသိ ခန္ဓာကိုယ်တခုလုံးက နာကျင်နေ၏။အိပ်နေရင်း ကျပ်တည်းနေသလိုခံစားနေရတာကြောင့် ခန္ဓာကိုယ်ကို လှုပ်ကြည့်တော့ တစ်စုံတစ်ယောက်က သူ့ဘေးတွင်ရှိနေခဲ့သည်။

မျက်လုံးတွေကိုဖွင့်လိုက်ဖို့ နေရောင်စူးစူးကို ရင်မဆိုင်နိုင်သေး။အရင်ဆုံးမျက်တောင်များကို ဖြေးဖြေးချင်းလှုပ်ခပ်ကာ အားယူဖွင့်ကြည့်တော့ မျက်လုံးရှေ့တည့်တည့်မှမြင်လိုက်ရသည့်အရာကြောင့် Sunghoon လန့်သွားမိသည်။

"ဘယ်လို..ဘယ်လိုဖြစ်ပြီး"

စကားသံတိုးတိုးထွက်‌လိုက်ပေမယ့်တဖက်လူနိုးသွားမှာစိုးကာ ချက်ချင်းနှုတ်ခမ်းကိုတင်းတင်းပိတ်လိုက်မိပြန်သည်။

Sunghoon နှင့် Jay သည် ခဲရောင်ဆိုဖာကြီးတစ်လုံးပေါ်မှာ ပူးကပ်အိပ်နေခဲ့ကြပြီး။ပတ်တီးအဖွေးသားဖြင့် Sunghoon လက်ကို Jayက ဖွဖွဆုပ်ကိုင်ထားသည်။

သူတို့နှစ်ယောက်ဟာ သမီးရည်းစားတွေလိုအတူတူမျက်နှာချင်းဆိုင်အိပ်နေကြပြီး ရိုက်ခတ်လာသည့် Jay နှာခေါင်းမှ အသက်ရှုထုပ်လိုက်သည့်လေ‌ငွေ့နွေးနွေးဟာ Sunghoon အသည်းနှလုံး၊ကလီစာအတွင်းထိ ဝင်ရောက်သွားသလိုမျိုး။

Jayကိုလည်း မနှိုးရက်တာမို့ ဒီအတိုင်းသာကြည့်နေမိသည်။

Jay ရဲ့ နဖူးပြေပြေမှအစ၊ ခပ်စိပ်စိပ်မျက်တောင်တွေရယ် ၊မေးရိုးလှလှတွေအထိ ။အသက်တောင်ရှုမိရဲ့လား ကိုယ့်ကိုယ်ကို သတိမထားမိပဲ အသေးစိပ်ကြည့်နေခဲ့သည်။

အပ်ကွဲရာရေးရေး‌အောက်နှုတ်ခမ်းဆီသို့ အကြည့်ရောက်သွားချိန် အနီးကပ်မို့ထင် Sunghoon ရင်တခုလုံးဗြောင်းဆန်ကာ ခုန်ပေါက်လာတော့သည်။

ထိုအချိန် Jay၏လှုပ်ခပ်လာသော မျက်ခွံတွေကြောင့် Sunghoon မျက်လုံးကိုပြန်လည်မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်ရ၏။

Jay အိပ်နေရာမှ ထကာ ဆိုဖာပေါ်မှ ခဏမျှထိုင်သည်။ထို့နောက် Sunghoonကို တချက်ပြန်ကြည့်ကာ မိမိအခန်းရှိရာသွားခဲ့သည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now