Chapter -8.0

532 79 6
                                    

++++Unicode++++

ကျွန်းသစ်သားတို့ဖြင့်တည်ဆောက်ထားသည့် ဘန်ဂလိုအိမ်ငယ်အတွင်း စာအုပ်တအုပ်ကို ကော်ဖီတစ်ခွက်နှင့်တွဲဖတ်လျက်။

ချမ်းအေးသည့်ဒဏ်ကို ခံနိုင်စေရန် ဘေးတွင် အုပ်ညိုများဖြင့်ပြုလုပ်ထားသော မီးလင်းဖိုတခုမှ အနွေးဓါတ်ကိုအသုံးပြုထားရသည်။

ရာသီဉတုက ခန့်မှန်းရခက်စွာ တစ်ခါတစ်ရံကြည်လင်နေပြီး တစ်ချက်တစ်ချက်မှာ နှင်းဖွေးဖွေးတို့ကျဆင်းလာတတ်သည်။

နာနေသည့်ခြေထောက်တစ်ဖက်ကို ဘေးကုလားထိုင်တစ်လုံးပေါ်တင်ထားရင်း လှုပ်ရှားမိတိုင်း စူးစူးနစ်နစ်နာကျင်လျက်။မိုးလင်း မနက်စာစားပြီးကတည်းက ဒီနေရာမှာထိုင်နေခဲ့တာ ။

Sunghoon က မနက်၉နာရီမှထွက်သွားခဲ့တာအခုထိပြန်မရောက်သေး။တကယ်က နှစ်ယောက်သားမျက်နှာချင်းဆိုင်ဖို့ခက်နေကြတာ။

သူ့အတွက်က စိတ်လှုပ်ရှားမိသွားရုံမှအပ တဖြေးဖြေးအဆင်ပြေခဲ့ပေမယ့် Sunghoonဘက်ကတော့ မည်သို့ဖြစ်သည်မသိ။

Sunghoon သာ သူ့ကိုစိတ်ဝင်စားနေသည် ဆိုလျှင် သူ့ဘက်ကမဖြစ်နိုင်ကြောင်း ငြင်းဆိုရန်အပြင်မရှိ။

ထိုသို့ငြင်းဆိုလိုက်လျှင် Sunghoonက သူ့အနားကထွက်သွားရင်ရော?

ကိုကို။

ကိုကို့နှင့်ပါ သူဝေးကွာသွားမည်ထင်။
မည်ကဲ့သို့လုပ်ရပါအံ့။

လှုပ်ရှားမှုနည်းနေသည့် ခန္ဓာကိုယ်ကြောင့် ညောင်းကိုက်နေခဲ့သည်။ထို့ကြောင့် မိမိနာနေသည့် ခြေချင်းဝတ်ကို ဖြေးဖြေးချင်းဖိနင်းကာ ဘန်ဂလိုအပြင်ဘက် ဝရံတာအထိ လမ်းထွက်လျှောက်မိသည်။

အရမ်းမမြင့်သည့် တောင်ကုန်းမို့မို့လေးပေါ်တွင် တည်ဆောက်ထားသည်မို့ ဝရံတာမှငုံ့မိုးကြည့်လျှင် နှင်းများဖုံးလွှမ်းနေသည့် ပတ်ဝန်းကျင်ဖြူဖွေးဖွေးကိုမြင်ရလိမ့်မည်။

မြင်ကွင်းအတွင်းဝင်လာသည်က
‌တောင်စောင်းပေါ်မှာစကားများနေသည့် အမျိုးသမီးတစ်ဦး၊အမျိုးသားတစ်ဦး။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now