++++Unicode+++++
ပုံမှန်နေ့တွေထက် နေပြန်ကောင်းလာသည့် Jayက အလုပ်ဆင်းဖို့ တာဆူနေ၏။အရေးကြီးသည့်ဧည့်သည်နှင့် ချိန်းထားပါသည်ဆိုသောကြောင့် Sunghoon အလုပ်ကိုလိုက်ပို့ရသည်။
ဩစတျေးယားမှ နည်းပညာဝန်ကြီး Mr. Kharia နှင့်နေ့လည်စာစားရင်း အလုပ်ကိစ္စစကားပြောနေကြတော့ Sunghoon ဘေးမှာနှုတ်ပိတ်ပြီး တချိန်လုံးငြိမ်နေ၏။
နေ့လည်စာစားပြီးတော့ Jay နှင့်အတူ ကုမ္ပဏီကို ပြန်လာခဲ့ကြသည်။ကုမ္ပဏီရုံးအခန်းအတွင်း ဝင်လာချိန်နာရီလက်တံဟာ 1နာရီကျော်မှာရှိနေပြီမို့ Jayဆေးသောက်ချိန်က ကျော်လွန်နေသည်။
အလုပ်စားပွဲအံဆွဲမှအမြဲထားတတ်သည့် ဆေးဗူးကို ရှာတော့မတွေ့။
"Sunghoon ငါ့ဆေးဗူး အိပ်ထဲထည့်လာသေးလား ?"
"ဘာလဲ မေ့ခဲ့တာလား?"
"ငါသေချာထည့်ခဲ့တယ်ထင်တာ မေ့သွားတာဖြစ်မယ်။"
"အရေးကြီးတာသိရက်နဲ့ ။ဘယ်မှာထားခဲ့တာလဲ ငါသွားယူလိုက်မယ်။"
"ငါ့မုန်တင်ခုံပေါ်မှာထင်တာပဲ အဲ့ဒီ့နေရာမှာမရှိရင် အံဆွဲနှင့် ကုတင်ဘေးတခုခုပဲ"
Sunghoonက ကားသော့ကိုဆွဲယူကာ ချက်ချင်းထွက်သွားသည်။Jay တစ်ယောက်ထဲအလုပ်ဝန်မပိစေချင်တာကြောင့် Sunghoon နှင့် Mr. Lee ကအများအပြားကူညီဖြစ်သည်။အခုလည်း Sunghoonမရှိချိန်အတွင်း အလုပ်ကို Jayတစ်ယောက်ထဲ အာရုံစိုက်နေရမှာစိုးရိမ်၍ မြန်မြန်သွားမြန်မြန်ပြန်ရန်သာ ။
အိမ်သို့ပြန်ရောက်ရောက်ချင်း Jayအခန်းဆီကိုသာ တန်းဝင်လိုက်သည်။ Jay၏အိပ်ခန်းဟာ ဖွင့်လျက်သားပင်။အခန်းအတွင်းတစ်စုံတစ်
ယောက်ရှိနေဟန်။Sunghoon ဝင်လာတော့ မည်သူမျှအခန်းအတွင်းရှိမနေ။ထို့ကြောင့်အချိန်ဆွဲမနေတော့ပါပဲ Jayပြောသည့်နေရာမှာ ဆေးဗူးကို ရှာကြည့်မိသည်။ကုတင်ဘေးတွင် တွေ့လိုက်သည်မို့ Sunghoon ပျော်သွားကာ အမြန်ပင် ယူလိုက်၏။ယူစရာရှိတာ ယူပြီးချိန်၌ Jayရှိရာကုမ္ပဏီသို့ပြန်လာခဲ့သည်။
Jayအလုပ်လုပ်နေသည့်အခန်းအတွင်းသို့ တိုက်ရိုက်ဝင်ခဲ့သည်။
အခန်းထဲမှာ Jayက အလုပ်လုပ်နေသည်မို့ Sunghoon ဆေးဗူးကိုဖွင့်၍ ဆေးတစ်လုံးကို လက်ဖဝါးပေါ်သို့တင်ကာ ။
YOU ARE READING
𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭
General Fiction♡︎𝐇𝐞𝐞𝐉𝐚𝐲𝐇𝐨𝐨𝐧♡︎ 𝐎𝐮𝐫 𝐠𝐫𝐞𝐚𝐭𝐞𝐬𝐭 𝐣𝐨𝐲 𝐚𝐧𝐝 𝐨𝐮𝐫 𝐠𝐫𝐞𝐚𝐭𝐞𝐬𝐭 𝐩𝐚𝐢𝐧 𝐜𝐨𝐦𝐞𝐬 𝐨𝐮𝐫 𝐫𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩,𝐛𝐮𝐭 𝐰𝐞 𝐰𝐚𝐬 𝐥𝐨𝐯𝐞𝐝 𝐮𝐧𝐭𝐢𝐥 𝐭𝐡𝐞 𝐞𝐧𝐝.@... 𝐈𝐧 𝐭𝐡𝐞 𝐞𝐧𝐝,𝐖𝐞 𝐰𝐢𝐥𝐥 𝐚𝐥𝐥 𝐛𝐞𝐜𝐨𝐦...