Chapter- 5.1

552 93 5
                                    

++++Unicode++++

တစ်ပတ်တိုင်တိုင်ကျော်ခဲ့ပြီ။ Sunghoon တစ်ယောက် Jay နှင့်အတူနေဝေနေထွက်ရှိခဲ့သည့်နေတွေမှာ ပုံမှန်လိုပင်။

Sunghoon ကိုအမြဲတမ်း အကဲတခတ်ရှိနေသော်လည်း နည်းနည်းလေးမှထူးခြားမလာ။

တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်းအရိပ်လိုလိုက်ကြည့်နေခဲ့သော်လည်း ရည်ရွယ်ချက်ခြင်းမတူညီကြ။

Sunghoon က သူ့အ‌ပေါ်အရင်နှင့်မတူ တရေးတယူရှိပြီး ရင်းနှီးလာသည့် Jayကို သံယောဇဉ်တွယ်လာသည်။

Jay သည် Sunghoonထံရောက်ရှိလာမည့် သူ့ရဲ့ဧည့်သည်ကိုစောင့်မျှော်ခဲ့ရင်း သူ့မျက်စိအောက်မှ Sunghoonကိုမြင်နေရခြင်းအပေါ် သဘောကျနေတတ်သည်။

ယခုတော့ Jay စိတ်တွေ ဘဝင်ကျမလာတော့ ။

ကိုကို ပျောက်နေတယ်။

"Sunghoon "

သူတို့နှစ်ဦး ကိုးရီးယားမှာမကြာခင်ကျင်းပမည့် နည်းပညာပိုင်ဆိုင်ရာပြပွဲတခုအတွက် စားပွဲတခုတွင်ထိုင်ကာအလုပ်လုပ်နေရင်း Jayက Sunghoonနာမည်ကိုခေါ်လာသည်။

Sunghoonသည် Jay ထံသို့ကြည့်လာပြီး ပြောပါဆိုသည့်သဘောမျိုး။

"အရင်တခါ ကော်ဖီဆိုင်မှာပေးခဲ့တဲ့နာရီရော"

"အဲ့ဒါလား ဟောင်းနေပြီမို့ လွန်ခဲ့တဲ့တစ်ပတ်‌က ငါလွှင့်ပစ်လိုက်ပီလေ"

ပေါ့ပေါ့ပါးပါးဖြေလာသည့် Sunghoonအသံကို ကြားကြားချင်း Jay ထိုင်ရာမှထရပ်လိုက်သည်။

"ဘာ!"

Jay ဒေါသနှင့်အတူအသံဟာလည်း ကျယ်လောင်သွားသည်။ထိုင်ရာမှချက်ချင်းထရပ်လိုက်တော့ Sunghoonက ကြောင်အ,စွာကြည့်လာသည်။

"ဘာ..ဘာဖြစ်လို့လဲJay?"

ထိုင်ခုံမှာထိုင်နေလျက်နှင့် Jayကိုမော့ကြည့်ပြီးမေးနေသည့် Sunghoonအင်္ကျီကော်လံစကို ဆွဲဆုပ်ပစ်လိုက်သည်။

"မင်း ဘယ်မှာ ပစ်ခဲ့တာလဲ?"

အသက်ရှုသံကြမ်းကြမ်းကြား ထွက်လာသော Jay စကားကို Sunghoonမနည်းနားထောင်ယူရသည်။ပြီးမှ..။

"မင်းတို့ကုမ္ပဏီရှေ့က အမှိုက်ပုံးထဲမှာ"

ကော်လံစကို ဆွဲဆုပ်ထားသောJay လက်တွေက ပြေလျော့သွားပြီး Sunghoonကို တွန်းဖယ်ကာ စားပွဲပေါ်မှာကားသော့ကိုယူ၍ အိမ်ထဲမှာပြေးထွက်သွားချေ၏။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now