Chapter-7. 0

497 80 0
                                    

++++Unicode++++

ပွဲတော်ကျင်းပမည့်အိမ်လို တစ်အိမ်လုံးကို သုံးယောက်ထဲဖြင့် ဆူညံနေလေသည်။

Sunghoon ညက သောင်းကျန်းခဲ့တာမို့ မနက်မိုးလင်းတော်တော်ဖြင့်မထနိုင် အုံခဲနေသောခေါင်းက ထူပင်မထူနိုင်။

ခေါင်းအုံးအောက်မှာထားသည့် ဖုန်းမြည်သံကြောင့် မှန်းရမ်းကာ ကိုင်လိုက်ရသည်။

"ဟယ်လို"

တဖက်မှအသံပိုင်ရှင်က Jay။

"ထပြီလား အဆင်ရောပြေရဲ့လား?"

"အွန်း ပြေပါတယ် ။ငါခဏနေမှ လာနိုင်မယ်ထင်တယ် ။အခုက..."

"နားလိုက်ပါ။ဒီနေ့နားလိုက် ငါသတင်းစာရှင်းလင်းပွဲလုပ်မလို့ ညနေမှလာချင်လည်းလာခဲ့ပေါ့"

Sunghoon မျက်လုံးတွေ အိပ်ချင်နေရာမှ ပြူးကျယ်သွားတော့သည်။

"ငါအဲ့တာပြောချင်လို့ ဖုန်းဆက်တာပါ ဒါပဲနော်"

တဖက်မှဖုန်းချသွားသော်လည်း Sunghoonက ဖုန်းကိုသာ ဆက်တိုက်ကြည့်နေမိသည်။

မနက်ဖြန်မှာရောက်ရှိလာမယ့် Christmas နေ့အတွက် တအိမ်လုံးအနားယူပြီး ပြင်ဆင်နေကြ၏။

အသိမိတ်ဆွေများကို ပေးရန် လက်ဆောင်ဗူးများကို အမေနှင့်မမက သေချာပြင်ဆင်နေပြီး သူနှင့်အဖေက Christmas treeကို အလှဆင်နေသည်။

"Hoonie နင်တပ်ထားတဲ့ ကြယ်က နည်းနည်းစောင်းနေတယ်လို့"

"သိတယ်"

အောက်ကိုယိုင်နေသည့် ကြယ်ကိုသေချာပြန်တည့်လိုက်ပြီး ။

"ရပြီလား?"

"အင်း ရပြီ ရပြီး"

Sunghee က လက်ဆောင်ထုပ်လေးတွေပြင်နေသည့်နား Sunghoonကိုခေါ်၍ ခိုင်းပြန်သည်။

TV ရှေ့မှာရှိသည့် Sunghee အနားသို့ သွားထိုင်ကာ Sunghoon လက်ဆောင်ဗူးလေးတွေကို သေချာစွာထုပ်ပိုးသည်။

Sunghee က အိမ်ရှေ့အိမ်မှ ကလေးကိုလက်ဆောင်ပေးရန် Snow Ball လေးကို Sunghoonကိုပြသည်။

"မမ အဲ့တာလေး ငါ့ကိုပေးပါလား"

"နင်က ဘာလုပ်မလို့မလဲ"

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now