Chapter -8.1

468 77 2
                                    

++++Unicode+++

စားပွဲပေါ်မှာနိူးစက်သံကြောင့် Sunghoon မျက်ဝန်းတွေကိုအားယူဖွင့်လိုက်သည်။ သူ့လက်မောင်းတဖက်ထုံကျင်နေပြီး တစ်ယောက်ယောက်ကဖိထားသလိုလေးလံနေ၏။လွတ်နေသည့် လက်ဖြင့် နိူးစက်ရှိရာသို့ နောက်ပြန်ရမ်းသမ်းကာ ပိတ်လိုက်သေး၏။

ဘာကအဖိခံထားရသည်လည်း ဟု လက်မောင်းကိုကြည့်ဖို့ကြိုးစားရင်း မျက်လုံးတို့ကို အားယူဖွင့်လိုက်မိသည်။

"ဟင်!"

မျက်စိရှေ့မှာ အသက်ရှုသံမျှင်းမျှင်းဖြင့် အိပ်မောကျနေသည့် Jayက Sunghoonလက်မောင်းပေါ်ခေါင်းအုံးလျက်။Sunghoon ကိုယ့်ကိုယ်ကိုလည်း ကုတင်ပေါ်မည်သို့ရောက်လာသည်မသိ။

လက်မောင်းကိုမယူလိုက်ဖို့လည်း သူလှုပ်ရှားလိုက်သည်နှင့် Jayနိုးသွားမှာ စိုးရိမ်မိသည်။

ထိုအတိုင်းသာ ဆက်ပြီးတောင့်ခံနေလိုက်၏။အုံးနှောက်ထဲမှာတော့ သူဘယ်လို ရောက်လာခဲ့မှန်း ဒုန်းဆိုင်းတွေးနေလျက်။

နာရီအနည်းငယ်ကြာပြီးနောက် Jayက Sunghoonလက်မောင်းပေါ်ကခွာ၍ ခေါင်းလုံးလုံးလေးကို ရင်ခွင်အတွင်းတိုး‌ဝင်လာသည်။

Sunghoon မှေးနေသည့် မျက်လုံးကို တဖန်ပြန်ဖွင့်ကာ ကြည့်တော့ Jayက ရင်ခွင်ထဲကိုဝင်တိုးရုံတင်မက ဖက်ပါဖက်ထားလိုက်သေး၏။

ကလေးလေးအတိုင်းပဲ ။ချစ်ဖို့လည်းကောင်းသလို သနားလည်းသနားမိသည်။Jay ဆံနွယ်တို့ကို လက်တစ်ဖက်မှ သပ်ပေးနေရင်း သူပါထပ်အိပ်ပျော်သွားပြန်သည်။

"ကိုကို ..,ကိုကို "

Sunghoonမျက်နှာကို ငေးကြည့်ပြီး နှုတ်ခမ်းလေးဆူကာ ခေါ်နေသော Jay ကြောင့် နိုးလာရသည်။

Jay က Heeseung Hyungစိတ်နှင့် သူ့ကို ကိုကိုလို့ခေါ်နေသည့်ဟုထင်မှတ်မိသည်။

"နိုးပြီလား Jay ,နေလို့ကောင်းတယ်မလား"

Jay မျက်နှာမှာ ပထမအစကြည်လင်မှုများပျောက်သွားပြီး မှိုင်ကျသွားသည်။
ပြီးတော့ Sunghoon အမေးကိုခေါင်းညိတ်ပြရင်း ရေချိုးခန်းအတွင်းသို့ဝင်သွားသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now