Chapter-3.0

706 103 5
                                    

+++Unicode+++

အမိမြေကိုခြေချလိုက်သည်နှင့်လွမ်းမောဖွယ်ငယ်စဉ်အချိန်တွေကိုပြန်သတိယမိသည်။စရောက်တဲ့နေ့က မမ၊အဖေနှင့်အမေ သုံးယောက်သားအလွမ်းသည်ကြသည်ကမပြီးနိုင်မစီးနိုင်။ထမင်းစားလျှင်အကုန်ပြင်ဆင်အပြီးစီးရှေ့ချပေးသည်။အဝတ်အစားကအစ လျှော်ပေးကြသည်။အခန်းသန့်ရှင်းရေးလည်း အမေနှင့်မမက လုပ်ပေးသည်။အဖေက ညအိပ်ရာဝင်တိုင်း စောင်လေးလာခြုံပေးကာချော့မသိပ်ရုံတမည်။

ယခုများကွာခြားချက် တစ်အိမ်လုံးသန့်ရှင်းရေးကို Sunghoonလုပ်နေရသည်။အဖေ့အလုပ်တွေပါမကျန်ကူလုပ်နေရပြီး မမဆေးရုံကိုလည်းထမင်းချိုင့်သွားပို့ရသေးသည်။ ခြံသန့်ရှင်းရေးကအစ ပန်းပင်ရေလောင်းသည်အထိ။

လူကြီးတွေ မတရားလိုက်တာ ဒီအငယ်လေးကို ဝိုင်းပြီးခိုင်းနေကြတာများ စင်ဒရဲလား Male version ဟုပင် မိမိကိုယ်ကိုထင်မှတ်မိသည်။ပြန်မလာခင်ကတော့တမျိုး အခုတော့တမျိုး ခိုင်းစားဖို့ပြန်ခေါ်သလားပဲ။

တနေ့တာလုပ်ငန်းများပြီးဆုံးတော့ရေမိုးချိုး၍ မှန်တင်ခုံမှာထိုင်ကာ စိုနေသောခေါင်းကိုရေခြောက်အောင်သုပ်နေသည်။ မှန်တင်ခုံ၏အောက်ဆုံးအံဆွဲဆီသို့ အကြည့်ရောက်မိတော့ လွန်ခဲ့သောနှစ်တွေက သူသိမ်းထားသည့်ပစ္စည်းတခုကို ရှိများရှိသေးလား သိချင်စိတ်ဖြင့် ခေါင်းရေသုပ်လက်စကိုရပ်၍ ဖွင့်ကြည့်မိသည်။

Sunghoon ကိုယ်တိုင်သေချာထည့်သိမ်းထားသော အနက်ရောင်ကတ္တီပါ ဗူးငယ်တခု။ဗူးကို စိတ်လှုပ်ရှားစွာဖွင့်မိလိုက်တော့ ထိုအထဲမှအရောင်တွေမမှေးမှိန်သေးသည့် မှန်စလေးတွေအနည်းငယ်ပဲ့ထွက်နေသော ငွေရောင်နာရီလေးက အရင်အတိုင်းပင်။

နာရီကိုသေချာထုပ်၍ လှည့်ပတ်ကြည့်မိသည်။ရှေ့ကိုဆက်မသွားတော့သည့် လက်တံတွေကတော့ နှစ်တွေကြာနေသည်မို့မရွေ့လျားနိုင်တော့ချေ။နာရီအိုးကိုကိုင်၍ ဖိခါကြည့်တော့ထိုအတိုင်း မရွေ့။ပဲ့ထွက်နေသည့် မှန်ကွဲရာတွေက Sunghoonလက်မမှာအနည်းငယ် ရှရာဖြစ်သွားပြီးသွေးစို့စို့ထွက်သွားသည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now