Chapter 7.1

514 81 4
                                    

++++Unicode+++

ဒီဇင်ဘာ၏အေးစိမ့်ခြင်းတွေနှင့်အတူ နှင်း‌ဖွေးဖွေးတို့ဟာ လမ်းမထပ် ၊အိမ်ခေါင်မိုးထပ်ဝယ် ဖြူဖွေးစွာရှိနေ၏။

Sunghoon တစ်ယောက် Santa ဖိုးဖိုးကြီးကဲ့သို့ဝတ်စုံကြီးကိုဝတ်ဆင်ကာ မျက်နှာပြင်ချောချောတွင် မုတ်ဆိပ်ဖြူများတပ်ဆင်ထားသေး၏။

အလှုအဖြစ် နှစ်စဉ် အိမ်ဘေးရှိကလေးငယ်များကို ပျော်စေရန် မမတို့က လက်ဆောင်ဗူးလေးတွေ ပေးဝေဖြစ်သည်တဲ့။ထို့ကြောင့် ဒီနှစ်အနည်းငယ်ထူးခြားစေရန် ထိုကဲ့သို့ဝတ်ဆင်ကာ Sunghoon ပါဝင်ကူညီနေခြင်း။

လက်ခံရရှိသည့် ကလေးငယ်တို့က ပျော်ရွှင်စွာဖြင့်။တချို့ကလေးငယ်များက ဖိုးဖိုးကြီးပုံနှင့် ဓါတ်ပုံအတူတွဲရိုက်ကြသည်။မိဘရင်ခွင်မှာချီထားခံထားရသည့် ကလေးငယ်တစ်ယောက်ဟာ ဘာကိုအလိုမကျသည်မသိ အော်ဟစ်ငိုကျွေးလို့နေသည်။

Sunghoon ထိုကလေးငယ်ထံ သွားကာ။

"အိုက်ဂိုးး baby လေးက ဘာကိုအလိုမကျတာလဲ။babyလေးသာ မငိုတော့ရင် ဖိုးဖိုးက လက်ဆောင်ပေးမယ်။"

Sunghoonကိုမြင်သည်နှင့် ကလေးငယ်ဟာ အငိုတိတ်၍ မျက်နှာမှမုတ်ဆိပ်ဖြူဖြူတို့ကပ်ထားသည်ကို စိတ်ဝင်တစားကြည့်နေတော့သည်။

လက်ထဲမှာရှိသော ပစ္စည်းတွေကုန်တော့ Sunghoon အိမ်သို့ပြန်လာခဲ့သည်။

"ကျတော်ပြန်ရောက်ပြီ။"

Sunghee မီးဖိုထဲက အပြေးထွက်လာကာ လက်ထဲမှာအထုပ်ပေါင်းစုံဆွဲလျက်။

"Hoonie ဒါလေးတွေ Jay အိမ်ကိုသွားပို့ပေးအုံး။"

"အင်း ကျတော် အဝတ်သွားလဲ...."

"လဲမနေနဲ့ဒီအတိုင်း သွားလိုက်"

"အာ ဒီပုံစံကြီးနဲ့မသွားချင်ပါဘူး မမရာ။"

Sungheeက အိမ်ထဲမှအတင်းတွန်းထုပ်ကာ အဝတ်မလဲပဲသွားခိုင်းဖို့ဆန္ဒရှိနေသည်ထင်။

"ဘာမှမဖြစ်ဘူး ၊ တစ်မနက်လုံးဒီအတိုင်းနေနေတာပဲ"

မတူဘူး မမရေ၊အခုဟာက Crushရှေ့ကိုသွားရမှာ လို့သာအော်ပြောလိုက်ချင်သော်လည်း ပြောမနိုင်သည့် မမသဘောကြောင့် သူဒီအတိုင်းထွက်လာခဲ့သည်။

𝐃𝐚𝐫𝐤𝐧𝐞𝐬𝐬 𝐎𝐟 𝐓𝐡𝐞 𝐋𝐢𝐠𝐡𝐭 Where stories live. Discover now