💙 1 💙

10.8K 485 24
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

MNB ဆိုသည့် ကိုယ်ပိုင် မိန်းကလေးကျောင်းတစ်ကျောင်း၏ ရုံးခန်းထဲတွင် ဖြစ်သည် ။ မျက်နှာတွင် ရင်တွင်း ခံစားချက်မျိုးစုံ အရောင်ဟပ်နေသော ကျောင်းသူ နှစ်ယောက်နှင့် သူတို့၏ မိဘအုပ်ထိန်းသူဖြစ်သော မိခင်နှစ်ယောက်တို့ တိတ်ဆိတ်စွာထိုင်နေကြသည်။

ကျောင်းအုပ်ဆရာမကြီး Mrs Manoban သည် ထိုကျောင်းသူနှစ်ယောက်ကို အကဲခတ်ဟန်ဖြင့် ကြည့်လိုက်သည် ။

"ဒီပုံအတိုင်းဆို ဘယ်လိုများတောင် လုပ်ရမယ် မသိဘူး ။ Jennie Kim ရုံးခန်းထဲ ရောက်ရတာ အကြိမ်ကြိမ်ရှိနေပြီ ။ ထစ်ကနဲဆို ဘယ်သူနဲ့လဲ မေးစရာမလိုဘူး Jennie Kim ပဲ "

" အခုက တော်တော်ဆိုးပါတယ် ဆရာမကြီး ။ ကျွန်မသမီးလေး ဒီ ဆံပင်အရှည်ထိရောက်ဖို့ တော်တော်ကိုထားခဲ့ရတာ အခုတော့ ကြည့်ပါဦး ။ သိပ်ကိုရိုင်းလွန်းတယ် ။ ဆရာမကြီး ထိုက်သင့်တဲ့ အပြစ်ကိုပေးပါ "

Mrs Manoban ဆံပင်ကုတ်ဝဲဘဝသို့ ချက်ခြင်း အသွင်ပြောင်းသွားသော ကျောင်း၏ အလှတစ်ပါးဖြစ်သော Shin Se-Kyung ၏ မိခင်စကားကြောင့် ခေါင်းတစ်ဆတ်ဆတ် ညိတ်နေမိသည်။

Jennie Kim ၏ မိခင် Kim Soo Yoon သည် အလွန်တစ်ရာကို မျက်နှာပျက်နေပါသည်။ သမီးဖြစ်သူ ဆိုးသမျှ၊ ပေသမျှကို နည်းမျိုးစုံဖြင့် လိုက်လံဖြေရှင်းခဲ့ရတာ အကြိမ်ပေါင်းလဲ မနည်းတော့ပေ။ ဒီတစ်ခါတော့ ကျောင်းအထုတ်ခံရဖို့ သေချာသလောက်ရှိနေပါသည် ။

" Jennie Kim ..ကျန်ခဲ့တဲ့ နှစ်တွေရဲ့ အမှုတွေကိုတော့ ပြန်မပြောချင်တော့ဘူး ။ ဒီတစ်နှစ်အတွင်းမှာ မင်းလုပ်ထားတာတွေ ပြန်ပြောပြမယ် ။

(၁) အခန်းထဲက ကောင်မလေးတစ်ယောက်က မတော်တဆ မင်းဖိနပ် တက်နင်းမိတာကို မင်းက သူ့ဖိနပ် သဲကြိုး ကို ခဲတန်ချွန်တဲ့ ဓားနဲ့ လှီးပစ်ခဲ့တယ်..။

(၂) သန့်ရှင်းရေးမလုပ်လို့ အသင်းခေါင်းဆောင်က ဆူတာကို အလိုမကျဖြစ်ပြီး သူ့ကျောပိုးအိတ်ကို မုန့်စားဆင်းချိန်မှာ ယူပြီး တခြားအခန်းထဲမှ သွား ထား ထားတယ် ။

(၃) အတန်းရှေ့က whiteboard ပေါ်မှာ ကြက်တူရွေးပုံဆွဲပြီး တီချယ်အာချောင် or Kim So-eun လို့ ရေးခဲ့တယ် ။

💙 Troublemaker 💙Where stories live. Discover now