💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
" Li ကို ပြောစရာရှိလို့လား Chae "
Li က သူ့အခန်းထဲထိ လိုက်လာသည့် Chae ကို မေးလိုက်၏ ။
"Li ဟိုကောင်မလေးနဲ့ ညိသွားတာလား "
"ဟုတ်တယ် Chae ။ Chae ရင်ထဲမှာ ရှိမနေတော့တာ သေချာမှ ငါ ကြိုးစားလိုက်တာပါ ။ အဲ့လိုပဲ သူ့ရင်ထဲမှာလည်း Chae ရှိမနေခဲ့ဘူးဆိုတာ ငါယုံကြည်တယ်။ "
"Li ပြောတဲ့ အစစအရာရာ ပြည့်စုံတဲ့ မိန်းကလေးထဲမှာ သူမပါဘူး Li "
"ဒါကြောင့် Chae သူ့ကို စွန့်လွှတ်ခဲ့တာလား ။လူတစ်ယောက်ကို လူတစ်ယောက်က တစ်ကယ် မြတ်မြတ်နိုးနိုး ချစ်ခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့သူရဲ့ အခက်အခဲ ၊ဒုက္ခ နဲ့ မပြေလည်မှုတွေကို မျှဝေခံစားနိုင်ရမယ်။ ကိုယ့်ချစ်တဲ့သူရှေ့နေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးနိုင်ရမယ် "
"ဒါ Li ရဲ့ ဒဿန အသစ်တွေပေါ့လေ "
Chae ရယ်ဟဟ လေး ပြောလိုက်သည်။
"ဟဟဟ chae ပြောလဲ ငါ ခံရတော့မှာပဲ။ ငါ Jane ကို အရမ်းချစ်တယ်"
Chae သည် Jennie ၏ သရုပ်မှန်ကို Li ကို ပြောပြဖို့ စဥ်းစားလိုက်သည်။ သူပါရောပြီး အပြောအဆိုခံထိမိကိုလည်း သိ၏ ။ Li ကို ဒိထက်ပိုပြီး လိမ်ထားလို့လည်း မကောင်းလို့ သူထင်သည်။ သူ ပြောပြရန် ပြင်လိုက်စဥ်
"Jane က ရိုးသားဖြူစင်တယ် ။ ပွင့်လင်းတယ် ။ တစ်ခါတစ်ခါ သူလုပ်လိုက်တဲ့ အမှတ်မထင် ကိစ္စတွေက ငါ့အတွက်တော့ စိတ်ဝင်စားဖို့ကောင်းပြီး သဘောကျစရာတွေကြီးပဲ "
Jane အကြောင်းကို ပြောပြနေရင်း ပြုံးနေတဲ့ Li ရဲ့ အပြုံးတွေက နှုတ်ခမ်းထက်မှာတင်မဟုတ် မျက်ဝန်းတွေကပါ အဓိပ္ပာယ် ပါလွန်းပြီး အရောင်တွေလက်နေသည်။
အဲ့တော့ Chae ပါးစပ်ပိတ်ထားလိုက်တော့သည်။
💭ဒီ ချိန်ပြောလို့ မဖြစ်သေးပါဘူးလေ 💭
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
စာရွက်သားပေါ် ကြောင် ခြစ် ခြစ်သလို စာရေးနေသော သမီးဖြစ်သူအား Mrs Kim မျက်မှောင် ကြုတ် ကြည့်လိုက်မိသည်။ ရေးနေပုံကိုလည်းကြည့်၊ စာကြည့်စားပွဲမှာလဲ ထိုင်မရေး။ အိပ်ယာပေါ်မှာ ဝမ်းလျားမှောက်ပြီးလည်း ရေးနေတာ မဟုတ်ဘဲ ဆိုဖာပေါ်မှာ ပက်လက်လှန်ပြီး စာရွက်ကို အပေါ်မြှောက်ပြီး ရေးနေတာလေ။ ဒီတော့ လက်ရေးက နဂိုကမှ မလှချင်ရတဲ့အထဲ မြင်ရတဲ့သူလည်း အဆင်မပြေသလို ဖတ်ရတဲ့သူလည်း အဆင်ပြေမည်မဟုတ် ။
YOU ARE READING
💙 Troublemaker 💙