💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
"Li ရေ.. Irene ရဲ့ အမေ ဖုန်းဆက်လာတယ် ။ စေ့စပ်ပွဲကို ဆယ့်နှစ်လပိုင်းလောက်မှ လုပ်ဖြစ်မယ်တဲ့ ၊ ပြောတာကတော့ ဗေဒင်တွက်ကြည့်တာ Irene ရဲ့ကံဇာတာက ဆယ့်နှစ်လပိုင်းလောက်မှ ကောင်းမယ်ဆိုပဲ .... တော်သေးတာပေ့ါ ။ ဘာမှသေသေချာချာ မစီစဉ်ထားရသေးတာ "
Mrs Manoban သည် အလုပ်မှပြန်လာသော သမီးဖြစ်သူနောက်မှ လိုက်လျှောက်လာရင်းက ပြောလိုက်၏ ။ Li ကတော့ ဒီကိစ္စကို Irene ဆီက ကြားပြီးပြီမို့ ထူးပြီး အံဩမနေတော့ ။
" အဲဒိတော့ အိုမားက ဘာပြန်ပြောလိုက်လဲ "
Li လည်း အိတ်ကို စာကြည့်စားပွဲပေါ်တင်လိုက်ရင်းက မေးလိုက်၏ ။
" မတက်နိုင်ဘူးလေ သဘောတူလိုက်ရတာပေ့ါ "
"Appa ရော ဘာပြောသေးလဲ "
" မသိဘူးလား ... ကိုယ့် Appa အကြောင်းကို ... ဘယ်တုန်းက ဘာပြောလို့လဲ.... ဒီကိစ္စမှာ ကာယကံရှင်က Li လေ ။ Li ရော ဘာပြောချင်လဲ ။ ဘာဖြစ်ချင်လဲ ။ ဘယ်လိုသဘောရလဲ "
သူ့သဘောထား သူမပြောပဲ မိဘတွေရဲ့ သဘောထားကို လာမေးနေသော သမီးဖြစ်သူ Lisa ကို ကြည့်မရစွာနဲ့ ပြန်မေးလိုက်တော့သည် ။
" တစ်ကယ်တော့ စေ့စပ်တယ် ဆိုတာ ကိုယ်ချက်ချင်း ငွေမချေနိုင်သေးတဲ့ ပစ္စည်းတစ်ခုကို သူများယူသွားမှာဆိုးလို့ ၊ ဒါမှမဟုတ် ပိုင်ရှင်က စိတ်ပြောင်းသွားမှာဆိုးလို့ စရံသတ်တာနဲ့ တူတူပဲ ။ Li ကတော့ စရံသတ်တာထက် ကိုယ်အဆင်ပြေတဲ့အချိန်မှ ကိုယ်လိုချင်တဲ့ပစ္စည်းကို Cashdown စနစ်နဲ့ပဲ ၀ယ်ချင်တယ် "
" Li က ဘယ်စရံသတ်ချင်ပါ့မလဲ ။ စရံသတ်တယ်ဆိုတာက တစ်ခုခုကို ကိုယ်အရမ်း အသည်းအသန် လိုချင်မက်မောပြီး သူများလက်ထဲကို အပါမခံနိုင်တဲ့လူတွေမှ လုပ်တာလေ။ Li က Irene Unnie ကို အသည်းအသန် လိုချင်တာမှ မဟုတ်တာ။ Irene Unnie က Li အတွက် အမြဲတမ်း အဆင်သင့် ရှိနေနိုင်မယ်ထင်လို့ ထင်လို့ Li က သွေးအေးနေတာ မဟုတ်လား ။ Irene Unnie ကို တစ်ကယ် မချစ်တာပဲလား ။ အဲ့ဒိနှစ်ခုထဲက တစ်ခုခုပဲ "
Chae သည် ဧည့်ခန်းထဲသို့အသွား အိုမားက Li နောက် လိုက်ပြိီး စေ့စပ်ပွဲကိစ္စ ပြောနေသံကြား၍ နောက်မှနေ၍ Li အခန်းထဲကို လိုက်၀င်ရာကနေ Li ရဲ့ ဒဿနကို အလိုမကျစွာ ချေပလိုက်ခြင်းပင် ။
YOU ARE READING
💙 Troublemaker 💙