Li ဒီနေ့ အခန်းအောင်းနေမိသည် ။ အကြောင်းကတော့ သူငယ်ချင်းတစ်ယောက် အကူအညီတောင်းထားသော တစ်ထပ်တိုက်အိမ်လေးရဲ့ ဒီဇိုင်း အတွင်း အပြင်ကို စိတ်တိုင်းကျ ရေးဆွဲနေမိသောကြောင့် ဖြစ်၏ ။ အခု သူဆွဲထားတဲ့ ဒီဇိုင်းလေးကို ကျေနပ်စွာကြည့်ရင်း ခေါင်းလေး တစ်ညိတ်ညိတ် လုပ်နေမိသည်။
အကူအညီတောင်းသည့် သူငယ်ချင်းက အလယ်တန်းထဲက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းဖြစ်သည့်အပြင် Uni တက်တော့ မေဂျာတွေ မတူကြလို့ ကွဲသွားကြတယ်ဆိုပေမယ့် အခုထက်ထိ အခင်အမင်မပျက်ခင်နေသော အခင်ဆုံးသူငယ်ချင်းလည်းဖြစ်၏ ။ ပြီးတော့ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူတို့ စုံတွဲနေမည့် တိုက်အတွက် ခေါတ်မှီ ဒီဇိုင်းတွေ ဆွဲပေးဖို့ သူ့ကို အထင်တစ်ကြီး တောင်းဆိုလာတာကြောင့် သူစိတ်တိုင်းကျ ဒီဇိုင်းတွေ ဖန်တီးခွင့်ရနေသည် ။
Li သည် အလုပ်၀င်ပြီဆိုကတည်းက အားကြိုးမာန်တက် အလုပ်လုပ်တက်သူဖြစ်သည့်အတွက် အလုပ်ထဲတွင်လည်း အလုပ်စ၀င်သည့် junior တစ်ယောက်ဖြစ်ပေမယ့် သူ၏ ကြိုးစားအားထုတ်မှုကြောင့် အားလုံးက သူ့ကို နေရာပေးကြသည် ။
အလုပ်က တစ်ပတ်မှာ တစ်ရက်သာ နားရသည်မို့ သူ့၏ နားရက်ကို Sunday ကို တမင်ယူထားဖြစ်သည် ။ Sunday ဆိုရင် ပိတ်ရက်ဆိုတော့ မိဘများလည်း အိမ်မှာ ရှိတာမို့ မိသားစု စုံစုံလင်လင် နားချင်တာလဲပါသည် ။ အခုလည်း နားရက်လေးမှာ သူ့ သူငယ်ချင်းအတွက် အိမ်ဒီဇိုင်းကို ထိုင်ဆွဲနေတာပင် ဖြစ်၏ ။
"Li ရေ.....ငါးကင် စားရအောင် "
အခန်းအပြင်မှ Irene ၏ အသံကြောင့် Li လည်း သူလုပ်လက်စ File လေးကို Save လုပ်လိုက်ပြီး အညောင်းဆန့်လိုက်ကာ ထမင်းစားခန်းဘက်ကို ထ လာလိုက်တော့သည် ။
" လာ Li... မနက်က ကော်ဖီထွက်မသောက်လို့ Appa က နေမကောင်းဖြစ်နေတာလားလို့ "
Appa က သူ့ကို လှမ်းပြုံးပြီး ပြောလိုက်သည် ။
Li လည်း Appa ဘေးခုံ၌ဝင်ထိုင်ရင်း." မဟုတ်ဘူး Appa ... Li.. BamBam အပ်ထားတဲ့ အိမ်ဒီဇိုင်းဆွဲနေလို့ "
ခနနေတော့ Irene နဲ့ အိုမားတို့ နှစ်ယောက် ကင်ထားသည့် ငါးကင်များထည့်ထားသည့် ပန်းကန်များကိုင်ကာ ထမင်းစားခန်းထဲသို့ ဝင်လာ၏ ။
YOU ARE READING
💙 Troublemaker 💙