💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Jen နဲ့ Lisa တို့ နှစ်ယောက်သည် Lisa ရုံးပိတ်ရက် ဖြစ်သည့် Sunday တိုင်းမှာ တွေ့ဖြစ်အောင် တွေ့ကြသည်။
ရုံးဖွင့်ရက်မှာဆိုရင်... Lisa က Jennie Heart သို့ တစ်နေ့ တစ်ခေါက်တော့ ရောက်အောင်လာတက်သည်။ သို့သော် ဆိုက်ထဲဆင်းရသည့်ရက်များတွင်တော့ ရုံးကို ပြန်မရောက်နိုင်သည့်နေ့မျိုးတွေလည်းရှိတာမို့ ထိုနေ့မျိုးဆိုလျှင် ဆိုက်ကနေပြီးတာနှင့် အိမ်ကိုသာ တန်းပြန်ဖြစ်သည်မို့ ထိုနေ့မျိုးတွင် Jen ရှိရာ ဆိုင်လေးသို့ မရောက်ဖြစ်တော့ပေ။
ထိုသို့ နေ့တိုင်း မတွေ့ရတာလဲ ရှိတာမို့ Sunday တစ်ရက်တော့ Lisa က Jen နှင့် ရအောင်တွေ့သည်။
ခုဆိုရင် ဘာလိုလိုနဲ့ ချစ်သူသက်တမ်းက ၈ လပြည့်ပြီ။Lisa က Jen ကို လတိုင်းလိုလို Anni Day အတွက် လက်ဆောင်ပေးတက်သလို...ဒီတိုင်းလည်း တစ်ခုမဟုတ် တစ်ခုက အမြဲလိုလို ဝယ်ပေးတက်သည်။ Jen..Lisa ဝယ်ပေးတဲ့ ပစ္စည်းတွေကို မယူချင်ပါ။ ဒါပေမယ့် Jen က ငြင်းတိုင်း Lisa မျက်နှာကညိုသွားတက်တာမို့ သူဝယ်ပေးသမျှကို လက်သင့်ခံမိတော့သည်။
Lisa သည် Jen မျက်နှာတစ်ချက် အညိုမခံ အရမ်းချစ်ပေးရှာသည်။ Jen ကသူနဲ့ဆိုလျှင် ပြဿနာရှာတက်သည့်စိတ်ကို မရ ရအောင် ထိန်းချုပ်ပြီးနေသော်လည်း တစ်ခါတစ်လေ မျက်စိထဲဝင်လာသည့် တစ်ချို့ အရာများကြောင့် သူ့ရှေ့တွင်ဆိုသည်ကို မေ့ကာ ပြဿနာရှာထည့်လိုက်သည်များလည်း ရှိ၏။ ထိုအခါမျိုးတွင်ပင် Lisa က သူ့ကို အပြစ်တစ်ချက်မပြောပဲ...ခေါင်းလေးကိုပုတ်ကာ ဥာဏ်ကြီးရှင်လေးလို့ ချစ်စနိုးနှင့်ခေါ်တက်ပြန်သေးသည်။
Jen ကို သိပ်ချစ်ပေးတက်လွန်းပြီး အပြစ်မတင်တက်သည့် LiLi ကို လိမ်ထားမိသည့်အတွက် Jen နေ့စဥ်နေ့တိုင်း လိပ်ပြာမလုံဖြစ်ရသည်။ Jen ...LiLi နဲ့တွေ့တိုင်း Jen ရဲ့ သရုပ်အမှန်ကို ပြောပြချင်လို့ ပါးစပ်တပြင်ပြင်နှင့် ရှိသော်လည်း သူမုန်းသွားမှာ ကြောက်သည့်စိတ်ကြောင့်ပင် စိတ်ကို ခနခန လျော့ကာ မပြောလိုက်ရသည်က အကြိမ် ကြိမ်ပင် ရှိပြီဖြစ်သည်။
"Jane.... LiLi စိတ်ထဲမှာ ထူးဆန်းတယ်လို့ ထင်တဲ့အရာတွေရှိတယ် "
"ဟုတ်လား LiLi. ..ဘာတွေများလဲ "
YOU ARE READING
💙 Troublemaker 💙