💙 21 Final 💙

6.6K 365 28
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙

"ဒီလို တွေ့တာကို Jen ကို မသိစေချင်ဘူး "

"ဟုတ်ကဲ့ပါအစ်မ "

yoo jae suk လည်း ကောင်တာရှိ အံဆွဲထဲမှာ Lisa ၏ လိပ်စာကဒ်လေးကို ထုတ်ကာ Lisa ဆီသို့ ဖုန်းဆက်ပြီး သဌေးကတော်နှင့် တွေ့ဆုံနိုင်ရန် ချိန်းပေး လိုက်သည်။

Lisa လည်း မန်နေဂျာကြီးဆီကဖုန်းကို ပြောပြီးသည်နှင့် အလုပ်မှ Seniorsများကို အကျိုးအကြောင်းပြောကာ အရှေ့ရှိ Jennie Heart သို့ ချက်ခြင်းထွက်လာခဲ့လိုက််သည်။ အလုပ်တွေ အရမ်းများနေသော်လည်း ယောက္ခမလောင်းကြီးက ခေါ်တွေ့တာကို ဒီအချိန်မှာ အကြောင်းပြချက် တစ်ခုခုပေးပြီး ငြင်းဆိုရန် သူ ဘယ်လိုမှ အင်အားမရှိတာ အမှန်ပင်။ သူ Jane ကို သိပ်ချစ်သည်။ Jane အတွက်ဆိုလျှင် သူ ဘယ်အရာကိုမဆို ရင်ဆိုင်ရဲပါသည်။

Mrs Kim သည် မ​ကြာခင်တွေ့ရတော့မည့် Jen ၏ ကောင်မလေးကို ပြောရန် စကားတို့ကို ကြိုတင်စဥ်းစားနေမိသည်။

Jae suk ဖုန်းချပြီး သိပ်မကြာခင်မှာပဲ တစ်ဖက် condo မှ လမ်းကူးကာ လာနေသော ကောင်မလေးကို လှမ်းတွေ့လိုက်သည်။

💭 ဒီလို​ကြတော့လည်း Jen ကို အလေးထားပြီး ငါ့ကိုလေးစားသားပဲ 💭

" မဂ်လာပါ အန်တီ "

" အေးကွယ်...ထိုင်ပါ.."

Lisa လည်း မျက်နာထားတည်တည်နှင့် သူ့ကို ကြည့် နေသော Jane ၏ အမေ ရှေ့တွင် စိုးရိမ်စိတ်များစွာနှင့်အတူ ထိုင်လိုက်သည်။ Jen က သူ့ကို ဒီ​နေ့ သူ့အမေနှင့်တွေ့ဖို့လည်း ပြောမထား ။ Manager ကြီးက Jen အမေက တွေ့ချင်တယ် အခုအားရင် လာခဲ့ပါဆိုပြီး ဖုန်းဆက်လာတာမို့ ရှိသမျှ အလုပ် အကုန်ရပ်ကာ အပြေးလေးလာရခြင်းဖြစ်သည်။

"ဒီနေ့ မင်းနဲ့ တွေ့မှာ Jen မသိဘူး "

"ဟုတ်ကဲ့...သူမသိဘူးဆိုတာ Li သိပါတယ် အန်တီ"

"အန်တီ့ သမီးက အရမ်းပြဿနာရှာတက်တယ် ။ တစ်ခုခု မလုပ်ရရင် စားမဝင်အိပ်မပျော်ဘူး ။ မင်း အဲ့ဒိ ဒဏ်ကို ခံနိုင်ပါ့မလား Lisa ။ အခုအချိန်က ချစ်စိတ်တက်နေတဲ့အချိန်ဆို​တော့ သူ့အကျင့်တွေက ငုတ်လျိုးကောင်း ငုတ်လျိုးနေနိုင်တယ် ။ ဒါပေမယ့် အချိန်တန်လို့ အဲ့စရိုက်ပြန်ပေါ်လာရင် မင်း ဖြေရှင်း သီးခံပေးနိုင်မလား "

💙 Troublemaker 💙Where stories live. Discover now