💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Jen စာသင်ခန်းထဲမှ မပြေးရုံတမယ် ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ ဒီ Sunday တစ်ရက်တွင်သာ Lisa နှင့် တူတူ တစ်နေ့တာကို ဖြတ်သန်းခွင့်ရသည်လေ။
တွေ့ပါပြီ... Jen ရဲ့ နှစ်ယောက်မရှိ ချစ်ရတဲ့ LiLi ရဲ့ကားလေး...။
"LiLi...စောင့်နေရတာ ကြာသွားလားဟင်"
Li ကားပေါ်မှာထိုင်စောင့်နေတုန်း Li ကားပြတင်းပေါက်ဘေးသို့ သူမလေး ရောက်လာ၏။ Li လည်း ကားပေါ်မှ ဆင်းလိုက်ကာ သူမလေးလက်လေးကို ကိုင်လိုက်ရင်း ဖြေလိုက်သည်။
"မကြာပါဘူး Jane ရဲ့... Jane လေးရော...ပင်ပန်းနေပြီလား..."
" ခုနကအထိတော့ ပင်ပန်းနေတာ...ဒါမဲ့ အခု LiLi မျက်နှာလေး မြင်လိုက်ရတော့ ပင်ပန်းနေတာတွေက Go Go away တွေ ဖြစ်ကုန်ပြီ..."
" ဟ ဟ... ဟုတ်ပါပြီး အချွဲလေးရယ်...လာ...သွားရအောင် "
Li ... Jen ကို ကားတံခါးလိုက်ဖွင့်ပေးကာ ကားပေါ်တက်စေလိုက်သည်။ ထို့နောက် Li လည်း ကားမောင်းသည့်ဘက်တွင် ထိုင်လိုက်ပြီး ဘေးမှာ သူမလေးကို အမြတ်တနိုးဖြင့်ကြည့်လိုက်၏။
သူမ မျက်နှာနားသို့ တစ်ဖြေးဖြေး နီးကပ်လာသည့် Li မျက်နှာကြောင့် Jen မျက်စိကို စုံမှိတ်လိုက်မိတော့သည်။
" ဟ ဟ.. ကိုယ်က ခါးပတ်ပတ်ပေးမလို့ပါ "
Li အသံကြားတော့မှ Jen လည်း ရှက်ရှက်နှင့် မျက်စိပြန်ဖွင့်လိုက်ကာ..
"သိပါတယ်နော်.... ဟို...မျက်စိမှိတ်တယ်ဆိုတာက....ဟို....ဟို...မျက်စိထဲ ဖုန်ဝင်သွားလို့ပါနော်"
Jen ရှက်ရှက်နှင့် ပြောမိပြောရာ အရှက်ပြေ ပြောလိုက်မိသည်။
"ဟင်...ဟုတ်လား.....ပြပါဦး LiLi ကို...လာ...LiLi မှုတ်ပေးမယ် မျက်စိကို.....ဖူး...ဖူး "
Jane မျက်စိထဲ ဖုန်ဝင်သွားသည်ဆိုသောကြောင့် Li စိုးရိမ်သွားမိကာ Jane မျက်နှာလေးကို သူ့ဘက်ကို ဆွဲလှည့်ရင်း မျက်စိကို လက်တစ်ဖက်နှင့် ဖြဲလိုက်ကာ လေဖြင့် မှုတ်လိုက်တော့သည်။
Jen မှာ လက်မြန်ချေမြန်ရှိသည့် Lisa ကြောင့် ဘာမှ ပြန်ပြောချိန်မရလိုက်။ ဖုန်မရှိသည့် မျက်ဝန်းလေးဟာတော့ဖြင့် လေတွေကို လက်ခံလိုက်ရတော့သည်။
YOU ARE READING
💙 Troublemaker 💙