💙 14 💙

3.3K 312 22
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

"U Jae... Jen နှုတ်ဆက်ခဲ့ပါတယ် ။ Jen... ဒီ Jennie Heart မှာ​ နေခဲ့ရတဲ့ အချိန် ကာလလေးကို ဘယ်တော့မှ မမေ့ပါဘူး "

" မနက်စောစောစီးစီး ဘာလာနောက်နေတာလဲ "

Jen ပြုံးလိုက်မိသည်။ မဟုတ်တာ လုပ်တာများတော့ ဒီလိုပဲ လူတွေက အယုံအကြည် မရှိကြတော့ဘူးလေ။

"Nancy Unnie, Yuji Unnie, Yeon Unnie နဲ့ Jooe Unnie ..Jen နှုတ်ဆက်ခဲ့ပါတယ်နော်။ Jen သွားတော့မယ် "

Jen ဆိုင်ထဲကို ဝေ့ကြည့်လိုက်သည် ။ LiLi ကို မတွေ့ရပါ။ Jen နာနာကျင်ကျင် ပြုံးလိုက်သည်။ ကံကြမ္မာက Jen နဲ့ LiLi ကို နောက်ဆုံးအနေနဲ့တောင် တွေ့ခွင့်မပေးတော့ဘူး။

Jen သက်ပြင်းလေးချကာ ဆိုင်ထဲကို နောက်ဆုံးအကြိမ် ထပ်မံပြီး ဝေ့ကာကြည့်လိုက်သည်။ ထို့နောက် ဆိုင်ထဲမှ U Jae နှင့် Unnie များကို နှုတ်ဆက်သည့် မျက်ဝန်းဖြင့် တစ်ချက်ကြည့်လိုက်ကာ ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည် ။

တခါးဝမှာ မျက်နှာချင်းဆိုင် တွေ့လိုက်ရသူက Li ။ Jen က သူမကို ရီဝေသောအကြည့်ဖြင့် ကြည့်လာသည် Lisaအကြည့် ကြောင့် ရင်တွေပန်းတွေ တုန်သွားရသည်။

Jen ကြောင်၍ရပ်နေစဥ်မှာပင် သူက Jen ဖွင့်ထားသော တံခါးမှ ဆိုင်ထဲသို့ ဝင်လာ၏။ ဒီတော့မှ Jen လည်း အပြင်ထွက်ဖို့ သတိရကာခြေလှမ်းပြင်လိုက်စဥ်မှာပဲ Lisa အသံကို ကြားလိုက်ရတာမို့ တခါးလက်ကိုင်ကို လန့်ပြီး လွှတ်လိုက်မိသည်။

"Jane ဘယ်သွားမလို့လဲ "

Yoo Jae Suk နှင့် ဆိုင်မှ ဝန်ထမ်းများကလည်း ဆိုင်မှ Jen ထွက်သွားမည်ကို မလိုလားကြပါချေ။ Jen က ဆိုးသည် မွှေသည်ဆိုပေမယ့် စိတ်ရင်းက တော်တော်ကောင်းလှသည်။ လကုန်တိုင်း ဆိုင်ဝန်ထမ်းများကို လက်​ဆောင်လည်း ပေးတက်သေးသည်။ သူဌေးသမီး ငါဆိုင်ရှင်ပဲဆိုပြီးလည်း ဝန်ထမ်းများကို ပညာမပြတက်။

Jen မွှေသည် ဆိုးသည်ဆိုတာကလည်း သူ့ကို တနည်းတစ်ဖုံ လာပတ်သက်မှသာလျှင် ပြန်လုပ်တက်သည်သာ။

ဆိုင်ကဝန်ထမ်းများ အားလုံးထင်နေသည်က မျက်နှာချင်းဆိုင်က Construction က အင်ဂျင်နီယာမလေးကို Jen ကြွေသွား၍ ဇာတ်လမ်း ဆင်နေသည်ဟုသာ။

💙 Troublemaker 💙Where stories live. Discover now