💙 20 💙

4.5K 332 17
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

Jen သူပြောတာတွေ တစ်ခုမှ နားမလည်သလို အံ့အားလည်းသင့်မိသည်။ တစ်ခုခုတော့ မှားယွင်းနေသည်။

"Irene Unnie တို့ မဂ်လာဆောင်မှာ LiLi နဲ့ တွဲဝင်လာတာ LiLi ဇနီးလောင်း မဟုတ်လား "

"ဘယ် ဟုတ်ရမှာလဲ ။ သူကလည်း Irene တို့ လိုပဲ ။ တို့နဲ့ ငယ်သူငယ်ချင်း။ နာမည်က Wendy တဲ့ "

"ဒါနဲ့ Chae နဲ့ Soo ကပြောတော့ LiLi က အိမ်ထောင်ပြုတော့မှာဆို "

" Jane ကလည်း မိဘတွေလက်ထပ်ပေးမယ့်သူနဲ့အိမ်ထောင်ပြုတော့မှာဆို "

"ဟာ...ပေါက်ကရ.. သူများ က ငယ်ငယ်လေးရှိသေးတာကို "

Lisa နဲ့ Jen တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ပြီးမှ ဒါ chae နဲ့ Jisoo တို့ တမင်သက်သက် လုပ်ကြံပြောဆိုထားသော ဇာတ်လမ်းမှန်း နှစ်ယောက်သားသိလိုက်ကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြတော့  ကြည်နူးနေမိသည်။

"ဟာ ဒါဆို... ဒါ Chae နဲ့ Jisoo တို့ လက်ချက်ပေါ့။ သူတို့တစ်ကယ်ဆိုးတာပဲ..."

"စိတ်မဆိုးပါ အချစ်လေးရယ်။ သူတို့သာ ဒီလိုမပြောခဲ့ရင် တို့တွေရဲ့ ရင်ထဲက အချစ် အတိမ်အနက်ကို သေချာသိနိုင်မှာ မဟုတ်ဘူးလေ။ "

" ဒါပေမယ့် Jane ဘယ်လောက်ခံစားခဲ့ရလဲ LiLi သိလို့လား ။ Jane မှာ LiLi ကို ဆုံးရှုံးရတော့မယ်ဆိုပြီး သေမတက် ခံစားခဲ့ရတာ ။ Jane ကိုယ့်ကိုကိုယ် သေပြီတောင် ထင်ခဲ့တာ "

ပြောရင်း Jen က ထ ငိုတာမို့ Jane ရဲ့ကုတင်ဘေးမှာ Li မတ်တပ်လေးရပ်ရင်းပင် Jane ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး Jane၏ မျက်ရည်တို့ကို ခပ်ဖြေးဖြေးလေးသုတ်ကာ ကျောလေးကိုသပ်ပေးနေလိုက်သည်။

"Jane တစ်ယောက်ထဲ ဒီလိုခံစားခဲ့ရတာမဟုတ်ပါဘူး Janeရယ်။ LiLi လည်း ရူးမတက် ခံစားခဲ့ရတာပါ။ Jane မေ့လဲနေတာကို တွေ့လိုက်တုန်းကဆိုရင် Jane တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်ထဲမှာ မီးတောက်နေတာ။ ပြီးတော့ လွမ်းလွန်းလို့လည်း သေမတက်ကို ခံစားရတာပါပဲ "

"ဟင့် .. LiLi က မကောင်းဘူး ။ Jane ဒီလောက်လွမ်းနေတယ်ဆိုတာ သိနေရဲ့နဲ့ နေနိုင်တယ် "

💙 Troublemaker 💙Where stories live. Discover now