💙 9 💙

3.2K 322 15
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

Li မျက်နှာက သုံမှုန်နေ၏ ။ chae သည် Li ခေါ်လို့သာ Li အခန်းထဲကို လာခဲ့ရသည် ။ ဘာကြောင့်ခေါ် တယ်ဆိုတာ အခုထိ မသိရသေး။ အတော်ကြာမှ Li ဆီက အသံထွက်လာ၏။

" ဒီနေ့ Jennie Heart ကိုရောက်ခဲ့သေးတယ်"

Li စကားကို စလိုက်ရင်း chae မျက်နှာကို အကဲခတ်လိုက်သည်။ Jennie heart ကို ရောက်ခဲ့တယ်လဲဆိုရော Chae မျက်နှာမှာ အတော်အတန်ပင် ပျက်ယွင်းနေတာကြောင့် Jane ပြောလိုက်တာတွေသည် အမှန် တွေပဲဆိုတာ သံသယ ရှိစရာ မလိုတောပေ။

"Li မျက်လုံးထဲမှာတော့ Chae က ကလေးပဲ။ ဒါပေမယ့် chae လုပ်ရက်တွေကိုတော့ Li ဘယ်လိုမှ နား
မလည်တော့ဘူး chae ။ Jane ဆိုတဲ့ကောင်မလေး ဘယ်လောက် သနားဖို့ကောင်းလဲ။ chae သူများသားသမိီးကို တစ်ကယ် မချစ်နိုင်ရင် ဘာလို့ သွားပတ်သက်လဲ "

"အမ်..ဘာကိုလဲ "

chae လည်း Li ပြောနေတာတွေကို တစ်ခုမှ နားမလည်တာကြောင့် ကြောင်တောင်တောင်နှင့် ပြန်မေးလိုက် တော့သည်။

" အခုမှ ဘာမုန်လာဥ လာလုပ်နေတာလဲ chae။ ကောင်မလေးမှာ သနားစရာ။ ငိုလိုက်တာဆိုလည်း မပြောနဲ့ ။ စိန်လော့ကက် ကိုလည်း အတင်းပြန်ပေးတယ်။ ငါ ပြန်မယူခဲ့ပါဘူး ။ ပိုင်ရှင်က လိုလိုလားလား ပေးခဲ့တဲ့ ပစ္စည်းပဲ ။ Chae.... ဒီ စိန်လော့ကက် ကိုပေးရလောက်အောင်ထိ သူ့အပေါ် သဘောကျ တန်ဖိုးထားခဲ့တယ် ဆိုရင်လည်း ဘာလို့ သူနဲ့ပဲ ဆက်တွဲရဲတဲ့ သတ္တိ Chae မှာ မရှိရတာလဲ "

သဘောပေါက်ပြီ။ အမွှေမ Jennie Kim ။ မဟုတ်က ဟုတ်က ဇာတ်လမ်းနဲ့ သူ့ကို အချွန်နဲ့ မ လိုက်တာ ထိုဇာတ်လမ်းကို အဟုတ်ထင်ပြီး Li က သူ့ကို လာဆူနေတာ ။ တက်လဲတက်နိုင်တဲ့ Jennie Kim ပဲ ။ မွှေချက်က လက်လန်ပြီလေ။

"Jane က ပြောသေးတယ် ။ အိမ်ရောက်ရင် Chae ကို ပြဿနာ မရှာပါနဲ့တဲ့ ။ မရှာလို့ ရမလား ။ ကောင်မလေး ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ ။ တောက တက်လာပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး တစ်နယ်တကြေးမှာ လာနေရတာ။ chae တို့လို့ မိဘဆီက မုန့်ဖိုးကို လက်ဖြန့်တောင်းပြီး ဘော်ကျော့ ကျောင်းသွားရတာ မဟုတ်ဘူး "

💙 Troublemaker 💙Where stories live. Discover now