💙 6 💙

3.3K 336 12
                                    

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

ဒီကနေ့ Li...Senior အစ်မ နှစ်ယောက်နှင့်အတူ Company နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Jennie Heart Bakery မှာ နေ့လည်စာ စားဖို့ ရောက်လာရ၏။ Bakery သာ ပြောတာ တခြား နေ့လည်ခင်း စားသောက်စရာများလည်း အစုံအလင်ရ၏။

စားစရာတွေမှာပြီးနောက် Li ဆိုင်လေးထဲကို မျက်စိကစားကာ ကြည့်လိုက်၏ ။သန့်ရှင်းသပ်ရပ် ကျယ်ဝန်းသော အအေးခန်းထဲတွင် မီးဆိုင်းလှလှများနှင့် စားပွဲလှလှလေးတွေ ခင်းကျင်းထားရုံသာမက အတွဲတွေ အေးအေးဆေးဆေး လာပြီးထိုင်လို့ရအောင်လည်း Sofa လှလှလေးတွေနဲ့ Romatic ဆန်ဆန်လေး ပြင်ဆင်ထားသေးသည် ။

ဆိုင်လေးကို ဒီနေ့မှ စ ထိုင်ဖူးပေမယ့် တွေ့နေတာကြာပြီ။ Lisa ဒီ company မှာ မလုပ်ခင်ကတည်းက ဖွင့်ထားတာပင် ။ ဒီဆိုင်လေးရဲ့ ဆိုင်ခွဲတွေက Seoul ထဲက ခရိုင်တိုင်းလိုလိုမှာ ရှိသည် ။ တစ်ချို့ဆိုင်တွေမှာတော့ သွားရင်းလာရင်း သူ ကော်ဖီတော့ ဝင်သောက်ဖူးသည် ။ Company ရှေ့က ဒီဆိုင်လေးကိုတော့ ခုမှ Li လာထိုင်ဖူးသည် ။

ဒါကလည်း ဒီနေ့က ဆိုဒ်တွေမသွားရဘဲ company မှာရှိနေလို့သာ ။ ပြီးတော့ Company ရဲ့ Dinning room မှာလည်း မစားချင်ကြတာကြောင့်ရယ် Meeting လည်းရှိနေသေးတာမို့ ​ Company နှင့် အဝေးကိုမသွားပဲ ရှေ့တွင်ရှိသည့်ဆိုင်မှာ လာစားခြင်းသာဖြစ်၏ ။

💙💙💙

Jennie ဆိုင်ထဲကို ဝင်လိုက်တာနှင့် ဆိုင်ထဲရှိ စားပွဲဝိုင်းတစ်ခုတွင် သူမနှင့် မျက်နှာချင်းဆိုင် အနေအထားနှင့် ဆိုင်အဝင်ဝ ဘက်ကို မျက်နှာမူကာ ထိုင်နေသော Li ကို တွေ့လိုက်ရစဥ် ဆတ်ကနဲ ဖြစ်သွားရ၏ ။

💭 ရှင်....ခုတော့လာပြီ။ ရှင့်...ကို တွေ့ရပြီ။ ဘာလုပ်ရမှာလဲ။ တစ်ခုခု တော့ လုပ်ရမည် ။💭

Jen သည် သာသာလေး ကောင်တာသို့ သွားပြီး

"Nancy Unnie ဝန်ထမ်းဝတ်စုံ အပိုတစ်ထည်ရှိလား "

ဟု ခပ်လောလောလေး မေးလိုက်၏။

"အနောက်ခန်းက Jooe ရဲ့ Locker ထဲမှာ ရှိတယ် Jen လေး.. ဘာဖြစ်လို့လဲ "

"သော့ခတ်ထားတာလား Nancy Unnie "

"ဟင့်အင်း မခတ်ထားဘူး "

💙 Troublemaker 💙Where stories live. Discover now