💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Jen အစကတော့ ဒီ စိန်လော့ကက် ကို အကြောင်းပြပြီး Lisa သူမကို စိတ်ဝင်စားလာအောင် ကြံဆောင်မည်ဟု ကြံစည်ထားသော်လည်း တဖြေးဖြေး နှင့် ဒီလိုလုပ်ရတာကို မုန်းမိသလို ခံစားလာရသည်။
သူမကို ကလေးတစ်ယောက်လို ချော့မော့ပြီး စိန်လော့ကက် ပြန်ရရန် ကြိုးစားနေသော Lisa ကိုလည်း ရုတ်တရက် အားနာသွားမိသည်။
💭 အသိဥာဏ်လေးရှိစမ်းပါ Jennie Kim ။ နင့်ကြောင့် သူ့ဘဝအတွက် အကောင်းမွန်ဆုံး အသင့်တော်ဆုံး ရွေးချယ်ထားသည့် မိန်းမနှင့်လည်း စေ့စပ်ပွဲ ပျက်ပြီးပြီ။ နင်လည်း အပင်ပန်း မခံသင့်တော့ဘူး။ သူ့မျက်ဝန်းထဲမှာ နင်ဟာ တစ်ကယ့် ပီဘိ ကလေးတစ်ယောက်ပဲ။ သူညီမနဲ့ ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးငယ်ငယ်လေး တစ်ယောက်ကို သူ စိတ်ဝင်စားလာလိမ့်မယ်လို့ နင် ဘာလို့ရူးမိုက်စွာ တွေးမိတာလဲ 💭
"ဟေ့ စားလေ... ဘာထိုင်စဥ်းစားနေတာလဲ "
Jen တစ်ထိုင်ထဲမှာပဲ တွေးရင်းနှင့် ဆုံးဖြတ်ချက် ချလိုက်သည်။ chae ရဲ့ စိန်လော့ကက် ကိုပြန်ပေးလိုက်တော့မည်။ ဒီနေ့ တစ်နေ့တော့ သူမ စိတ်ဝင်စားမိသည့် Lisa အနား တစ်နေ့လုံးနေလိုက်ဦးမည်။
တော့ပိုကီ ပြန်ပြင်ပေးသည့် မိန်းမက သူမကို အမြင်ကပ်သည်ထင်ပ။ စပ်ပြဲငန်တူးနေသည်။ Jen လည်း ဘာစကားမှ ပြောချင်စိတ် မရှိတော့တာနဲ့ ထို တော့ပိုကီကိုပဲ ကြိုးစားပမ်းစား စားပလိုက်တော့သည်။
" ကဲ....ကောင်မလေး....ပြော...လိုအပ်တာ ဘာရှိသေးလဲ "
"Jane ပြောရင် Lisa Unnie က စိတ်ဆိုးမှာလား"
"လာပြန်ပြီ ဘာမဟုတ်တာ ပူဆာဦးမလို့လဲ "
"Shopping ထွက်ချင်တယ်။ သူများမိန်းကလေးတွေ Shopping ထွက်တာမြင်ရင် အားကျတယ်"
" သွားလေ ။ ဘယ်သွားမလဲ ။ ဒီနားက အနီးဆုံး shopping Mall ပဲ သွားလိုက်ကြမလား"
"ဟုတ်...ဒါနဲ့ Lisa Unnie အားပါတယ်နော် "
"အားတော့ မအားဘူး။ တို့မှာ လုပ်စရာအလုပ်တွေက အမြဲအသင့် ရှိတယ်။ ဒါပေမယ့် မင်းသွားချင်တယ် ဆိုရင်တော့ လိုက်ပို့ပေးမယ်လေ "
YOU ARE READING
💙 Troublemaker 💙