💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
"ဟယ် Jen လေး "
Jen ဆိုင်ရဲ့ မှန်တံခါးကို တွန်းဖွင့်ဝင်စဥ်မှာပင် Nancy Unnie က လှမ်းတွေ့သွားကာ ဝမ်းသာအားရ အော်လိုက်တာမို့ တခြား ဝန်ထမ်းတွေပါ Jen ကို ကြည့်ရင်း အံ့သြကာ ပျော်ရွှင်နေကြသည်။
"ညည်းတော်တော် ရက်စက်တာပဲနော် Jen လေး ။ ဒီဘက်ဆိုင်ကို တစ်ခေါက်လေးတောင်မလာဘူး "
Manager U Jae က Jen နားသို့ လျှောက်လာရင်း ဝမ်းသာအားရဆိုလိုက်သည်။ Jen လည်း အားလုံးကို ပြုံးပြီး နှုတ်ဆက်လိုက်၏။
ဒီနေ့ဆိုင်မှာ လူရှင်းနေသည်။ Jennie heart က ပျော်ရွှင်စရာ အရိပ်လေးတွေက Jen နှလုံးသားမှ တဆင့် Jen မျက်ဝန်းထဲကို ဖြတ်ပြေးလို့နေကြ သည်။
"Jen လေး..ဟို ရှေ့က Lalisa ဆိုတဲ့ ကောင်မလေးနဲ့ Jen လေးနဲ့ ဘာဖြစ်လည်းတော့ U jae တို့ မသိပါဘူး ။ Jen လေး ထွက်သွားပြီး တစ်လ လောက်ထိတော့ သူပေါ်မလာပါဘူး။ ဒါပေမယ့် နောက်ပိုင်း ရက်တွေမှာတော့ သူ ဒီဆိုင်ကို နေ့တိုင်းရောက်ရောက် လာတယ် "
"သူလာခဲ့တယ်...ဟုတ်လား U Jae "
"ဟုတ်တယ် Jen လေးရဲ့ ။ Jen လေးနဲ့ ပတ်သက်လို့တော့ သူဘာမှ မမေးပါဘူး ။ လာတိုင်းတော့ ငူငူငိုင်ငိုင်နဲ့ ထိုင်ပြီး ပြန်သွားတာပဲ "
LiLi ဘာလို့ ဆိုင်ကို နေ့တိုင်းလာရတာလဲဆိုတာ Jen မတွေးတက်အောင် ဖြစ်ရပါသည်။
"ရန်ဖြစ်ထားတယ်ဆိုရင်လည်း ပြန်ခေါ်လိုက်ပေါ့ Jen လေးရာ။ Jen လေး ဒီလောက်တောင် ကြိုးစားပမ်းစားနဲ့ ဇာတ်လမ်းထွင်ထားရတာပဲဟာ။ သူလည်း Jen လေးကို ဒီဆိုင်လာတိုင်း သတိရနေပုံရတယ် "
" တော်ပါပြီ U Jae ရယ် ။ အရာအားလုံးလည်း ပြီးဆုံးသွားပြီပဲ.. "
Jen ငိုချင်စိတ်ကို ထိန်းနေရသည်။ တစ်ကယ်သာ သူ Jen ကိုချစ်တယ်ဆိုရင် Jen မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဥ်မှာ မဟုတ်ဘူး။
"Jen..ပြန်တော့မယ် U Jae...Unnie တို့လည်း Jen နှုတ်ဆက်ပါတယ် ။ သတိရလို့ ခန ဝင်လာတာ။ ပြန်လိုက်ပါဦးမယ်နော် "
"နေပါဦး Jenလေးရယ်... ရောက်ပြန်ကြီး "
Nancy Unnie တို့က Jen ကို အတင်းဆွဲထားသည်။ Jen ဒီဆိုင်ထဲမှာ ဆက်မနေလိုတော့ပါ။ LiLi ကို သတိရသောစိတ် ။ တမ်းတသော စိတ်တို့က ရင်ထဲတွင် အုံကြွလာခဲ့သည်။
YOU ARE READING
💙 Troublemaker 💙